Chapter 50

917 124 0
                                    

Unicode

လော့ကျစ်ယွီ မစောင့်နိုင်တော့ဘူး။ လော့ချယ်ရဲ့ကံက တတိယအကြိမ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို သူသိချင်လှပြီ။ လော့ချယ်က တတိယအကြိမ်မှာလည်း ထပ်ပြီးအနိုင်ရမှာဦးလား?? သူ့ကတ်တွေက တောင်သူလယ်သမားနှစ်ဦးကို တောက်လျှောက် ချေမှုန်းလို့ရလောက်အောင် ကောင်းမွန်နေတာလား။

လော့ကျစ်ယွီက အရမ်းတွေ စောင့်မျှော်နေမိချိန်မှာပဲ လော့ချယ်က ကတ်တွေကို လွှင့်ပစ်လိုက်ပြီး ပြတ်ပြတ်သားသားနဲ့ "မကစားတော့ဘူး"

လော့ကျစ်ယွီက "အဲ့လိုမလုပ်နဲ့လေ ဒါက နောက်ထပ်တကျော့လေးပဲကို မြန်မြန်ပြီးသွားမှာပါ"

လော့ချယ်က မေးစေ့ကိုမြှောက်လိုက်ပြီး အချိန်ကိုကြည့်ဖို့ ခြေဟန်လက်ဟန်ပြလိုက်တယ်။ "နောက်ကျနေပြီ၊ အိပ်ရာဝင်ချိန်ရောက်ပြီ"

ဆယ့်နှစ်နာရီထိုးခါနီးနေပြီ။

ဆယ်နာရီမှာ လော့ချယ်နဲ့ကုမျန်က ဟိုတယ်ကို ပြန်လာပြီး သူတို့ဟော့ပေါ့စားပြီးတဲ့နောက်မှာတော့ ဆယ့်တစ်နာရီထိုးပြီးနေပြီ။

ညဘက်ကြီး မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲမှာ ရှိနေတာ မကောင်းဘူး။သူတို့က လေးယောက်ရှိပေမယ့် ရှောင်ကျူးက ဒီလိုအထူးစပယ်ရှယ်နေ့တစ်နေ့မှာ ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်။

လော့ကျစ်ယွီက မလိုလားပေမယ့်လည်း ရှောင်ကျူးနဲ့ မရင်းနှီးတဲ့အတွက် ဆက်နေဖို့ရာ ရှက်ရွံ့သွားရတယ်။။(T/N-သူတို့က ရှောင်ကျူးရဲ့ အခန်းထဲမှာ ရှိနေကြတာမို့ပါ)

သူက မတ်တပ်ထရပ်ပြီး ခါးကိုဆန့်လိုက်ကာ "နောက်ကျနေပြီ ဒီနေ့တော့ အားလုံး ပင်ပန်းနေကြပြီဆိုတော့ စောစောအိပ်ကြ နောက်တစ်ခါ အခွင့်အရေးရရင် Dou Dizhu ကို ထပ်ကစားကြမယ်"

လော့ချယ်နဲ့ကုမျန်တို့လည်း မတ်တပ်ထရပ်လိုက်ကြတယ်။

ရှောင်ကျူးရဲ့အခန်းထဲကထွက်သွားပြီး သူမရဲ့အခန်းထဲပြန်ဝင်လာပြီးနောက် ကုမျန်က ရေချိုးခန်းထဲဝင်သွားပြီး ရေချိုးကာ အိပ်ရာဝင်ခဲ့တယ်။

နောက်ရက်အနည်းငယ်အတွက် ကုမျန်မှာ တင်းကျပ်တဲ့အချိန်ဇယားရှိတာကြောင့် သူမက အကြာကြီးအိပ်ရတာ ရှားလှတယ်။ နောက်တစ်နေ့ သူမထတော့ လော့ချယ်နဲ့လော့ကျစ်ယွီတို့က သူတို့ရဲ့ နောက်ထပ်ပရောဂျက်အတွက် ထွက်ခွာသွားကြပြီပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now