အခန်း ၈

894 196 1
                                    

[Unicode]

ရွှမ်းကျီးက ပထမဆုံးတုန့်ပြန်လိုက်သည်။

ဝဝကစ်ကစ်နဲ့ကလေးမလေး၊ အောက်ထပ်က ကွင်းဆင်းဝန်ထမ်းကို သွားအသိပေးလိုက်

ဖျင်ချန်းယုက စိတ်အားထက်သန်စွာ ပြန်ပြောလိုက်၏။

ဒါရိုက်တာရှောင်းက အားလုံးကို အသိပေးပြီးလောက်ပါပြီ။ ချီယွမ်မှာရှိတဲ့ ကွင်းဆင်းဝန်ထမ်းတွေအားလုံးက အခုလောလောဆယ်တော့ HQ ရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်နေပါတယ်။ အဲဒါကြောင့် စိတ်အေးအေးထားလို့ရပါတယ်

ရွှမ်းကျီး : ...

အချိန် ၁၅ မိနစ်ပင် မကျန်တော့။ ထို့အပြင် ရှောင်းကျုန်းနှင့် ကွင်းဆင်းဝန်ထမ်း အစုတ်ပလုတ်များသည် အစီရင်လုပ်သူကို မဖမ်းမိသေး။ ဤနေရာသည် မိစ္ဆာဘုရင်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသည့် ရှေ့တန်း။ သူတို့သည် ဗုံးတစ်လုံးကို ဝိုင်းထားခြင်းဖြစ်သည်။ ရွှမ်းကျီး၏ အဓိကစကားလုံးသည် သွား ဖြစ်သည်၊ အသိပေး မဟုတ်။ တာဝန်တစ်ခုအနေဖြင့် ရုပ်ဖျက်ထားသော အကြောင်းပြချက်တစ်ခုသက်သက်သာ ဖြစ်သည်။ မင်းအရင်သွား၊ ငါမင်းကို မထားခဲ့နိုင်ဘူးဟူသော ဇာတ်လမ်းဆန်ဆန်များ မဖြစ်စေဘဲ ထွက်ခွာသွားရန် အကြောင်းပြခြင်းသာ ဖြစ်၏။

အကယ်၍ မိန်းကလေးသာ ဉာဏ်ပြေးပါက သူပေးသည့် အသက်ကယ်ကြိုးကို ယူကာ ရှောင်တိမ်းနိုင်လိမ့်မည်။

သို့သော် မိန်းကလေးသည် အသိမကြွယ်။ သူ့ဘော့စ်၏ မြင့်မြတ်သော ရည်ရွယ်ချက်များကို မဖမ်းဆုပ်နိုင်။ သူ့စိတ်ထဲတွင် တရားခံနှင့် အတူရှိနေသည့် ဘိချွန်းရှန်းကို စိုးရိမ်စိတ်များသာ ပြည့်နေ၏။ စိတ်မပါတပါဖြင့် သူ့ကိုယ်သူ နှစ်သိမ့်နေသည်။

အစ်မကြီးဘိက ဒီမှာအလုပ်လုပ်လာတာ အနည်းဆုံး နှစ်၃၀လောက်ရှိပြီ။ ရှေ့တန်းကနေ ပြန်လာတဲ့ လုံခြုံရေးဌာနရဲ့ ကွင်းဆင်းဝန်ထမ်းတောင် ဖြစ်ခဲ့တာ။ ဟင်း...သူက အတွေ့ကြုံလည်း များတာမလို့ အဆင်ပြေမှာ သေချာပါတယ်။ သတိထားစမ်းပါ၊ ငါတို့နိုင်နိုင်ပါတယ်

ရွှမ်းကျီး : ...

သောက်ချီးကို သတိထားနေလိုက်...ဒီနေ့ခေတ်လူငယ်တွေ ဗီဒီယိုဂိမ်းကြောင့် တကယ်ကို ပျက်စီးနေကြပြီပဲ...

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now