အခန်း ၂၁

623 156 15
                                    

[Unicode]

ရွှမ်ကျီသည်လည်း ရုက္ခဥယျာဉ်အနည်းငယ်ကို အလည်ပတ်ကောင်းကောင်း သွားခဲ့ဖူးသူတစ်ယောက်ပင်။ သို့သော် သဘောမကျရုံဖြင့် သွေးထွက်သည့် ထူးခြားဆန်းကြယ်သော သက်ရှိမျိုးကို သူ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် တွေ့မိခြင်းဖြစ်သည်။ အရေးပေါ် သတိပြန်လည်လာအောင် လုပ်ရန်ပင် အလွန်နောက်ကျသွားခဲ့လေပြီ။

သူ၏ သက်စောင့်ဓားက အိမ်မှထွက်ပြေးလာခဲ့သည်ဖြစ်၍ ဒုက္ခသုက္ခရောက်ရသော အတွေ့ကြုံများစွာကို တွေ့ကြုံခဲ့ပြီးပြီဖြစ်သည်။ ၎င်းက ကပ်ပါးမိစ္ဆာသခင်ကြီး၏ အိမ်ရှင်ဖြစ်လာသော်လည်း အနည်းဆုံးတော့ မိစ္ဆာသည် သန့်ရှင်းစင်ကြယ်သည့် အမျိုးအစား ဖြစ်ပုံပေါ်ပြီး အတော်လေး ရနံ့မွှေးသည်။ သို့သော် အနှီပန်းပွင့်ဖြူလေးများ၏ ကြက်သွေးရောင် ရေစီးကြောင်းတို့ကြောင့် စွန်းထင်းသွားခဲ့လျှင် ရွှမ်ကျီအနေဖြင့် ဓားရှည်ကို သူ့ကျောရိုးထဲသို့ မည်သို့ပြန်ထားရတော့မည်နည်း။

အမျိုးသားတစ်ယောက်အဖို့ ဤကိစ္စအားလုံးကို ခေါင်းခံရန် တကယ်လိုအပ်ပါ၏လော။

ထိုအချိန်တွင် ရွှမ်ကျီတစ်ယောက် နှေးကွေးလေးလံသော ဝန်ထုပ်တစ်ခုဖြစ်သည့် မုတ်ဆိတ်မွှေးနှင့်လူကို နေရာမှာတွင် လွှတ်ပစ်လိုက်ရန် အပြင်းပြဆုံးသောဆန္ဒရှိနေသည်။ သို့သော် လူမှုအဖွဲ့အစည်း၏ သူတော်ကောင်းတရား၉ပါးဖြင့် နှစ်ပေါင်းများစွာ အယူဝါဒသွတ်သွင်းခံခဲ့ရသည့် လူငယ်တစ်ယောက်အနေဖြင့် သူ့လက်ထဲရှိ အနံဆိုးဆိုးအသက်တစ်ချောင်းကို အသည်းအသန် လွှတ်ချလိုက်ရန် မဖြစ်နိုင်ပေ။ ဓားရှည်ကို လှမ်းဖမ်းရန် လက်မအားသောကြောင့် ခြေလက်လေးချောင်းလုံးကို အသုံးပြုရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ ခြေထောက်လှမ်းလိုက်ပြီး ဓားရှည်ကို လေထဲမြောက်သွားအောင် ကန်လိုက်တော့သည်။ ထို့နောက် ဓားရှည်ကို သွေးစွပ်ပြုတ်ထဲ နစ်မြုပ်သွားမည်စိုး၍ ခြေထောက်နှစ်ဖက်ကြားညှပ်ပြီး ဖမ်းရန်ရည်ရွယ်ကာ မုတ်ဆိတ်မွှေးနှင့်လူကိုကိုင်လျှက် ဓားရှိရာသို့ ပျံသန်းသွားလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now