အခန်း ၄၂ (အပိုင်း ၂)

615 111 3
                                    

[Unicode]

ရှောင်းကျန်းက မျက်မှောင်ကျုံ့လိုက်သည်။

"ဘာကိုဆိုလိုတာလဲ"

"မင်း မြင်တယ်မလား။ ပထမဆုံးဆွေးမြည့်ယဇ်ပူဇော်မှုက တည်နေရာအနေနဲ့ ချီယွမ်ကို ရွေးခဲ့တယ်။ အဲတုန်းက ဘိချွမ်းရှန်း လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ဘိချွမ်းရှန်း ဘာဖြစ်သွားလဲဆိုတာကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူးလေ။ အားလုံးရဲ့ အာရုံစိုက်မှုက တံလျှပ်လိပ်ပြာရဲ့ မကောင်းသတင်းဆီကိုပဲ ရောက်သွားကြပြီး နောက်ဆုံးဓားစာခံက ဒုန်ချွမ်းဆွေးမြည့်ယဇ်ပူဇော်မှုဖြစ်ရပ်ရဲ့ အဓိကတရားခံတွေထဲက တစ်ယောက်ဖြစ်နေတာလေ။ အခုတော့ အဲဒါက နည်းနည်းလေး ထူးဆန်းသွားပြီ။ မုတ်ဆိတ်မွှေးနဲ့လူရယ် သူ ရိုက်စားလုပ်လိုက်တဲ့ အဲဒီကောင်လေးက ငါတို့ရဲ့ စုံစမ်းစစ်ဆေးရေးကို နှောင့်ယှက်လိုက်တယ်။ အထူးသဖြင့် ဒါက မုတ်ဆိတ်မွှေးနဲ့လူအတွက်တော့ မှန်တယ်။ သူ့အနေနဲ့ ဘိချွမ်းရှန်းကို ဖုံးပေးဖို့အတွက် သူ့အသက်ကိုစတေးဖို့ အသင့်ဖြစ်နေခဲ့တာလေ။ အဲဒါကပဲ ငါတို့ကို ဒုန်ချွမ်းဆီကို ဆွဲခေါ်ခဲ့ပြီးတော့ အဘိုးရွဲ့သယ်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ဖော်ထုတ်သွားတာ။ အဲလိုမှမဟုတ်ရင် တံလျှပ်လိပ်ပြာဝင်ပူးတာရဲ့ မသိသာတဲ့ လက္ခဏာတွေရယ် မြေအောက်မှာ ပုန်းနေခဲ့တဲ့ နတ်ဆရာသင်္ချိုင်းရယ်နဲ့ဆိုရင် အခင်းဖြစ်ရာမှာ အားလော့ကျင်းက ပေါက်ကွဲသွားရင်တောင် သူက ဘာကြီးလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ သူ အနားယူတဲ့ နေရာကို ဘယ်သူကများ ရှာတွေ့နိုင်မှာတဲ့လဲ။ ဒီဖြစ်ရပ်နှစ်ခုက ငါ့ကို တစ်ခုခုခံစားမိစေတယ်။ အထူးသဖြင့် ဒုတိယတစ်ခုပေါ့။ ငါတို့တွေကို ဟောဒီလျှို့ဝှက်ကြံစည်မှုတွေကို ဖော်ထုတ်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ တရားခံတွေကို ဆွဲထုတ်ဖို့ နောက်ကွယ်ကနေ ဦးဆောင်နေတဲ့ တစ်စုံတစ်ယောက် ရှိနေတာလား။ ဆွေးမြည့်ယဇ်ပူဇော်မှုက မသတီစရာကောင်းပြီး လူမဆန်နေတာကြောင့်သာ မဟုတ်ရင် နောက်ကွယ်ကလူက ကိုယ်ကျိုးမငဲ့တဲ့ တရားမျှတမှုရှာဖွေတဲ့ စစ်သည်တော်လို့တောင် ငါ ထင်မိမှာ"

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now