အခန်း ၃ (အပိုင်း ၂)

1.3K 256 7
                                    

[Unicode]

အိပ်မက်ထဲတွင် ရွှမ်းကျီးသည် သစ်သားနှင့်ဆောက်ထားသည့် ရှေးဟောင်းပုံစံရှိသော အဆောက်ဦးတစ်ခုတွင် ရောက်နေသည်။ ရေဒီယိုထပ်ဆင့်လွှင့်စခန်းကဲ့သို့သော နေရာမျိုးဖြစ်နိုင်သည်။ အခန်းက မကြီးချေ၊ အောက်ထပ်မှ ဆူဆူညံညံအသံများကို ဝိုးတဝါးကြားနိုင်၏။
လူတစ်ယောက်က သူ့ကို နောက်ကျောပေးထားသည်။ ပြတင်းပေါက်ကိုမီပြီး အပြင်ကို  ငေးကြည့်နေ၏။

ထိုလူက အရပ်ရှည်ပြီး ကျက်သရေရှိသော ကိုယ်နေဟန်ထားနှင့် ရပ်နေသည်။ အဝတ်စားများက ကျီးကန်းအမွှေးများအလား မည်းနက်နေ၏။

ရွှမ်းကျီးတစ်ယောက် ယခုအိပ်မက်ကို ပထမဆုံးအကြိမ် မက်ခြင်းမဟုတ်။ သူ၏ အစောဆုံး မှတ်ဉာဏ်များတွင်လည်း ထိုလူ၏ နောက်ကျောပုံရိပ်က ညသန်ခေါင်းရောက်တိုင်း အလည်လာတတ်၏။ ရွှမ်းကျီးသည် ထိုလူက မည်သူမည်ဝါဖြစ်မှန်း မသိသလို မျက်နှာကိုလည်း တစ်ခါမျှမမြင်ဖူးပေ။ အိပ်မက်ထဲတွင် ထိုလူနားသို့ တဖြည်းဖြည်း တိုးသွားပြီး တစ်မီတာအတွင်းရောက်တိုင်း အလန့်တကြား နိုးလာရစမြဲ။ ထိုလူသားသည် ထိတွေ့ကိုင်တွယ်ရန် တားမြစ်ခံထားရသည့် ကျိန်စာတစ်ခုနှယ်။

"မင်းလည်း ဒီကို လေယာဉ်စီးဖို့ ရောက်လာတာလား"

ရွှမ်းကျီးသည် ဤအိပ်မက်ကို ခဏခဏ မက်နေရသောကြောင့် ထိုဧည့်သည်ကို သူ၏ မိတ်ဆွေဟောင်းအလား တစ်ဖက်သတ် မှတ်ယူထားသည်။ တစ်မီတာ အကွာဝေးတွင်နေလျက် ထိုပုံရိပ်လေးနှင့် တရင်းတနှီး စကားပြောနေလိုက်သည်။

"ဘယ်လိုလဲ။ ငါ့ရဲ့အလုပ်အသစ်က တော်တော်လေး အထင်ကြီးဖို့တော့ ကောင်းတယ်မလား"

ပုံရိပ်လေးက ဘာမှမတုံ့ပြန်။ ကျောက်ရုပ်ကဲ့သို့ပင် မူလအတိုင်း မလှုပ်မယှက်နှင့် မည်သည့်စကားမျှမပြော။ အိပ်မက်ထဲတွင် ရွှမ်းကျီးမှလွဲ၍ အခြားအရာအားလုံးသည် နောက်ခံပိတ်ကားနှယ်။ သူ ဝုန်းဒိုင်းကြဲသည်ဖြစ်စေ လှည့်ပတ်ကြည့်ရှုသည်ဖြစ်စေ ကိစ္စမရှိ။ တစ်ကိုယ်တော်ရှိုးသာဖြစ်၏။

ဟိတ်ကြီးဟန်ကြီးနဲ့ အတော်လေး စိတ်ကသိကအောက် ဖြစ်ရတယ်ဆိုပေမဲ့

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now