အခန်း ၇၃

987 167 27
                                    

[Unicode]

ရွှမ်းကျီးသည် သူ့လက်ချောင်းများကို ဂရုတစိုက် ပွတ်သပ်လိုက်ပြီး သန့်စင်သောအဖြူရောင်ရှိသည့် မီးတောက်ငယ်လေးကို ထွန်းညှိလိုက်သည်။ မီးတောက်သည် ပင်လယ်အောက်တွင် လောင်ကျွမ်းနိုင်ပြီး အလင်းရောင်သည် ရှေ့နောက်အလင်းယိုင်နေကာ အပြင်ဘက်သို့ အသာအယာ ပြန့်ကားနေသည်။ ရေအောက်ခေါင်းတလားကို အလင်းပေးနေခြင်းဖြစ်၏။

အခမဲ့ဖြန့်ဝေထားသည့်နှယ် ပေါလျှံနေသော အမည်းရောင်မြူခိုးများက ရှန့်လင်ယွမ်းကို ဝိုင်းပတ်လျက် အပြင်ဘက်သို့ တရစပ်ပျံ့နှံ့နေပြီး အပူချိန်နိမ့်ကို ထိန်းထားသည်။ ပင်လယ်ရေသည် အပြင်ဘက်ရေခဲလွှာကို တရစပ်တိုက်စားနေပြီး အရည်ပျော်သွားသော ဧရိယာကို အမည်းရောင်မြူခိုးများက အလျင်အမြန် ဖာထေးနေလေသည်။ သင်္ချိုင်းစင်္ကြံ၏ ကြွင်းကျန်နေသော အပိုင်းသည် ရေခဲတုံးကို ပိတ်လှောင်ထားရန် သင့်တော်သော အရွယ်အစားရှိနေပြီး ရှန့်လင်ယွမ်းကို ရေမျက်နှာပြင်ပေါ်သို့ ပေါလောပေါ်သွားခြင်းကို ဟန့်တားထား၏။

ရှန့်လင်ယွမ်းသည် ခိုးကြောင်ခိုးဝှက် အိပ်နေခြင်းခြေပစ်လက်ပစ် လဲလျောင်းနေခြင်းပင်။ ရေခဲတုံး၏ အလယ်ပိုင်းတွင် ခေါင်းတလားကဲ့သို့ စွမ်းဆောင်ရည်မျိုးရှိသော လေပူဖောင်းတစ်ခုကို ချန်ထားလျက်။ ခေါင်းတလား၏ အတွင်းပိုင်းကို တစ်စုံတစ်ခုပေကျံနေသည်ဟု ရွှမ်းကျီးတွေးမိသည်။ ထို့ကြောင့် အနားသို့တိုးသွားပြီး ကြည့်လိုက်ချိန်တွင် ၎င်းသည် သွေးကွက်ကြီးဖြစ်ကြောင်း အထိတ်တလန့် သတိထားမိသွား၏။

ရှန့်လင်ယွမ်း၏ ဆံနွှယ်ရှည်ရှည်တို့သည် ပုံမှန်နှင့်မတူဘဲ ရှုပ်ပွနေလေသည်။ သူ၏ ဒူပေနာပေခံသော ကောင်းကင်ဘုံမိစ္ဆာခန္ဓာကိုယ်သည် ဒဏ်ရာဒဏ်ချက်များကို ကုသပေးပြီးပြီဖြစ်ပြီး သူ့နားထင်ပေါ်ရှိ ခြောက်နေသော သွေးများကသာ ခေါင်းတလားထဲရှိ သွေးများ၏ မူလအရင်းခံဖြစ်ကြောင်း ညွှန်ပြနေလေ၏။

ရွှမ်းကျီးအနေဖြင့် ရေအောက်တွင် အချိန်အကြာကြီး အသက်ရှူအောင့်ထားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူ့လေပြွန်ကို ပိတ်ဆို့ခံထားရသလိုပင် ခံစားလိုက်ရသည်။ နောက်တစ်ကြိမ်တွေးတောမနေဘဲ အဖြူရောင်မီးတောက်သည် သူ့လက်မှ ရေခဲတုံးဆီသို့ ရောက်သွားပြီး အပြင်ဘက်ရေခဲလွှာကို အရည်ပျော်စေရန် ကြိုးစားတော့သည်။ သူ့အနေဖြင့် သင်္ချိုင်းစင်္ကြံ၏ ရေခဲတုံးကို တစ်စစီဆုတ်ဖြဲပစ်လိုက်ချင်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now