အခန်း ၃၉

560 122 6
                                    

[Unicode]

အရိုးများ ရွာချလာပြီး ဒုတ်ခနဲမြည်သံများနှင့်အတူ နေရာအနှံ့သို့ လွင့်စဉ်ကုန်သည်။ ရွှမ်းကျီးကိုပင် ဓာတ်ခွဲခန်းမှ နမူနာကဲ့သို့ မြေပြင်ပေါ်တွင် ချုပ်ထားလုနီးပါး။ သူ ဆင်းသက်သည့် နေရာသည် အနည်းငယ်မတ်စောက်သော နေရာဖြစ်နေပြီး အတောင်ပံများကို ခေါက်သိမ်းလိုက်သည်နှင့်တစ်ပြိုင်နက် အရှိန်ဖြင့် လျှောကျသွားပြီး အနည်းဆုံး မီတာ ၂၀ ခန့် ရှေ့သို့လိမ့်သွားသည်။ လေဓားသွားသည် အနောက်မှ နီးကပ်စွာ လိုက်လာပြီး ဧရာမသစ်ပင်ကြီးကို ထက်ပိုင်းဖြတ်ချလိုက်ကာ ၎င်းသည် သူ့ထံတည့်တည့်သို့ လဲကျလာခဲ့၏။

ရွှမ်းကျီး : "..."

ဒါပေမဲ့ သူက အားလော့ကျင်းကို အခေါင်းထဲမှာ နှစ်ထောင်ချီကြာအောင် သံမှိုစွဲရိုက်ခဲ့တဲ့သူမှ မဟုတ်တာ...ဘယ်သူ့ကို အပြစ်သွားတင်ရမလဲ...

ဝမ်ကျဲ : "ကားကို သတိထား"

လေနတ်ဘုရားအဖွဲ့၏ အဖွဲ့ဝင်သုံးယောက်သည် ကုန်တင်ဗင်ကားလေးဖြင့် အခင်းဖြစ်ရာကို အရှိန်ဖြင့် ဝင်တိုက်မိသွားသည်။ ကျန်းကျောင်းသည် ဘရိတ်ကို ဆောင့်အုပ်လိုက်ပြီး ကားစတီယာရင်ဘီးကို လှည့်လိုက်သည်။ ဗင်ကားအနောက်ပိုင်းက လျင်မြန်စွာ ရွေ့လျားသွားပြီး ကျိုးကျနေသော သစ်ပင်ကိုယ်ထည်များကို အဝေးသို့ တွန်းထုတ်လိုက်သည်။ ကုယွဲ့ရှီးက တံခါးကို ဖွင့်လိုက်ပြီး ရွှမ်းကျီးကို အထဲသို့ ဆွဲသွင်းလိုက်သည်။

"သေချာထိုင်"

ရွှမ်းကျီး၏ မြင်ကွင်းအစွန်းမှတစ်ဆင့် ကုန်တင်ဗင်ကား၏ ဘေးဖက်မျက်နှာပြင်ပေါ်ရှိ "XX ပင်လယ်စာ ဖြန့်ချိရေး" ဟူသော စကားလုံးကြီးများကို မြင်လိုက်ပြီး သူ့အစာအိမ်ထဲတွင် လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ခဏလေး...မင်းတို့တွေ ဒီဗင်ကားကို ဘယ်ကရလာတာလဲ"

"လမ်းဘေးကနေ ယူလာတာ။ ဘာပဲဖြစ်ဖြစ် အရေးပေါ်လိုလို့ သုံးလိုက်တာလေ"

ဝမ်ကျဲက သူ့ခြေထောက်ကို ပြလိုက်သည်။ တစ်ဖက်တွင် ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး ကျန်တစ်ဖက်တွင်မှု ဟော်တယ်မှ တစ်ခါသုံးဖိနပ်ပါးလေးက တွဲလောင်းကျနေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now