အခန်း ၃၃

698 120 4
                                    

[Unicode]

[Note - ချင်ပင်းနယ်ဆိုတာကို ချင်ဖျင်နယ်လို့ အသံထွက်ပြောင်းထားပါတယ်။]
----------------------------------------

ကြောက်ရွံ့သော လူများတွင် ပုံသဏ္ဍာန်မဲ့ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရာများအတွက် ဉာဏ်ရည်မြင့် မူလသတ္တဝါများအဖြစ်ထိ နောက်ကြောင်းလိုက်နိုင်သည့် အရာဝတ္ထုများ ရှိသည်။ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အဆိပ်အတောက်များ၊ ကံဆိုးမိုးမှောင်ကျမှုအပါအဝင် စိတ်ကူးကြောင့် အာရုံ၌မြင်ယောင်လာသော တစ္ဆေသရဲများနှင့် ဝိဉာဉ်များသည် ဦးစွာရောက်လာလေ့ရှိသည့် အကြောက်တရား ရောနှောထားသော အရာများသာ။ ဤအရာအားလုံးသည် မျက်စိဖြင့် မြင်ရသော မကောင်းဆိုးဝါးများထက် ပို၍ကြောက်ဖို့ကောင်းသည်။ အဘိုးရွဲ့၏ အရည်အချင်းရှိ တပည့်များနှင့် တပည့်ကြီးများသည် နမော်နမဲ့နိုင်စွာ ခွန်အားစိုက်ထုတ်လျက် မစ်သရေးအမြောက်များကို သေတ္တာများထဲမှ ထုတ်လာပြီးနောက် သေစေနိုင်လောက်သော လက်နက်ကြီးများ တပ်ဆင်ကာ အတန်းလိုက်ရပ်နေခဲ့ကြသည်။ တစ်ယောက်ချင်းစီက နောက်သို့တစ်လက်မစီ ဆုတ်သွားသောကြောင့် ကျန်သူများက ဆက်လက်ထမ်းပေးထား၏။

ရှန်လင်းယွမ်က ဘေးတစ်ဘက်တွင် အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့သည်။ သူအဖို့ ထိုအချင်းအရာသည် အတော်လေး စိတ်ဝင်စားဖို့ကောင်းနေသည်။ အဘယ်ကြောင့်ဆိုသော် တောင်ဖြိုရန်အတွက် ထိုလူများအသုံးပြုသော 'လက်နက်များ' သည် ပြိုင်ဘက်များကို ပစ်မှတ်ထားရာတွင် အသုံးပြုခဲ့သည့် လက်နက်များနှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူ့အနေဖြင့် 'မစ်သရေးအမြောက်များ' ကို အနီးကပ်မကြည့်လိုက်နိုင်ခင်မှာပင် ယောင်လေး၏ စိတ်ထဲမှ လျှံထွက်လာသည့် ကျီစယ်မှုတို့ ပါဝင်နေသည့် အတွေးများကို ခံစားမိလိုက်သည်။ သူက နောက်လှည့်ကြည့်လိုက်ပြီး ရွှမ်ကျီက လော်စွေ့စွေ့ထံသို့ လက်ဟန်အမူအရာ လုပ်ပြနေသည်ကို မြင်လိုက်ရ၏။

လော်စွေ့စွေ့သည် အသက်ရှုအောင့်ထားသည်။ သူ့မျက်နှာမှာ ရဲတက်လာပြီး လည်ပင်းသည်လည်း ထူလာသည်။ အကြီးကျယ် လေလည်ချင်သည်ကို အောင့်ထားရသည့်ပုံစံအလား။ ခဏကြာပြီးနောက်တွင် အစိမ်းရောင်နွယ်ပင်များစွာက သူ့ခါးမှ ထွက်လာခဲ့သည်။ စိမ်းစိုနေသော နွယ်ပင်များက မြေပြင်ပေါ်သို့ ကျရောက်သွားပြီး မစ်သရေးများကို ထမ်းထားသော တပည့်များဆီသို မြွေစိမ်းလေးများကဲ့သို့ လျှောတိုက်သွားကြသည်။ ထို့နောက် သူတို့၏ ခြေကျင်းဝတ်များကို သိုသိုသိပ်သိပ်ဖြင့် ဒဏ်ရာရစေလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now