အခန်း ၁၅

1K 177 14
                                    

[Unicode]

ဆွေးမြည့်ယဇ်ပူဇော်မှု၏ ဆင့်ခေါ်ခြင်းခံရသည့် မိုးကြိုးဖြစ်ပွားပြီးနောက် DCO ၏ ပင်မအထပ်သည် ကမောက်ကမ အခြေအနေ ဖြစ်နေသည်။ ဆယ်ထပ်လုံးကို ဆောက်လုပ်ရေးအတွက် ပိတ်ထားသည်။ အခြေအမြစ်သစ်ပင်သည်ပင် တင်းကျပ်ပြီး အကာအကွယ်ပေးသော သတ္တုဘုတ်ပြားဖြင့် ပတ်ရံထား၏။

ရွှမ်းကျီးတစ်ယောက် လမ်းလွှဲမှသွားပြီး ကားပါကင်မှ ဝင်လာခဲ့သည်။

ဌာနချုပ်အဆောက်ဦး၏ မြေအောက်ခန်း အလွှာ ၆၀ မြောက်တွင် သီးသန့်အခန်းရှိသည်။ ၎င်းကို မည်သို့ဆောင်ရွက်ရမည်မသိသော အန္တရာယ်ကြီးသည့် ပစ္စည်းအမျိုးစားအားလုံးကို သိုလှောင်ရန်အတွက် အသုံးပြုသည်။ တံခါးတွင် သုံးခါမျှ လုံခြုံရေးစစ်ဆေးမှုကို ခံယူရ၏။

သူ့အနေဖြင့် ဓားရှည်ကို ဖယ်ချန်ခဲ့၍မရ။ ထို့ကြောင့် အနှီဓားကို မိစ္ဆာနှင့်အတူ ဌာနချုပ်သို့ မသိဘဲယူလာမိခဲ့၏။ ရှန့်လင်ယွမ်းလည်း ဤအခြေနေနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်ဘဲ လုံခြုံရေး x-ray တွင် သုံးကြိမ်တိတိ စကန်အဖတ်ခံလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင်တော့ သူ့ဒေါသများ ပျောက်ကွယ်သွား၏။

ရှောင်းကျုန်းခေါ်သောအခါ အရှင်မင်းကြီးလူသားမိစ္ဆာသည် ဓားထဲတွင် မျက်လုံးစုံမှိတ်လျှက် အနားယူနေသည်။ သူ့အနေဖြင့် ဤကဲ့သို့အနားယူရန် အစီစဉ်မရှိ။ ထိုယောင်လေး၏ ဝါးဖြတ်ပိုင်းလေးတွင် သူစိတ်ဝင်စားသည့် ရင်းနှီးသောအနံ့ ရှိနေသည်။ ယောင်လေး ထိုအပိုင်းအစများ ဖြန့်လိုက်ပြီးနောက် ပိုကောင်းသည့်ရှုထောင့်မှဆိုလျှင် အနည်းငယ် ကောင်းကောင်းကြည့်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ပညာမဲ့ပြီး ဗဟုသုတနည်းသော ထိုငနဲလေးက စာနှစ်ကြောင်းပင် မဖတ်ရသေးဘဲ သူ့နှာခေါင်းနှင့်မျက်လုံးများ ရှုံ့တွသွားသည်အထိ အိပ်သွားလိမ့်မည်ဟု မည်သူထင်ပါလိမ့်မည်နည်း။

ဓားပိုင်ရှင်နှင့် ၎င်းတို့ရွေးချယ်ထားသော ဓားများသည် အချိတ်ဆက်တစ်မျိုးမျိုး ရှိကောင်းရှိနိုင်သည်။ သူအိပ်သွားသောအခါ အလွန့်အလွန် ပင်ပန်းနွမ်းလျမှုတို့ကို ဓားမှတစ်ဆင့် ခံစားမိပြီး ဓားရှည်ထဲရှိ မိစ္ဆာကိုပါ ဖိအားပေးပြီး တစ်မှေးအိပ်ခိုင်းစေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now