အခန်း ၄၂ (အပိုင်း ၁)

627 124 7
                                    

[Unicode]

"ဒုန်ချွမ်းသစ်တောကြိုးဝိုင်းမှာ မိစ္ဆာဆိုးကြီးကို ဖမ်းတုန်းက ကျန်းကျောင်းကိုခေါ်တဲ့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုက ဌာနချုပ်မှာရှိတဲ့ အထွေထွေထိန်းချုပ်ရေးအခန်းက ဖုန်းနံပါတ်တဲ့"

ပိရှကို ဂရုစိုက်စောင့်ရှောက်ပေးရသည့် ထိုနေ့လယ်ခင်းမှာပင် ရှောင်းရွှမ်းကျီ*သည် မိုးကြိုးပစ်ခံရသော ရှောင်းကျန်းကို တွေ့ရန်အတွက် ဝမ်ကျဲနှင့်အတူ ဆေးရုံသို့ ထွက်လာခဲ့သည်။ ဆေးရုံသို့သွားရာလမ်းတွင် ဝမ်ကျဲက ပြောလိုက်သည်။

"ပြဿနာက ဘာလဲဆိုရင် ဗဟိုစေလွှတ်ရေးအခန်းမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ စေလွှတ်ရေးခေါင်းဆောင် ဒယ်ဒီရှောင်းကလည်း အခင်းဖြစ်ရာမှာပဲ ရှိနေခဲ့တာ။ စကားမစပ် ဒါရိုက်တာရွှမ်း၊ ဟော်တယ်မှာ တစ်ရေးမအိပ်ခဲ့ဘူးလား။ ဘာလို့အဲလောက် သမ်းနေရတာလဲ"

(*ဧကရာဇ်ကို စောင့်ရှောက်ရတဲ့ မိန်းမစိုးတွေရဲ့ နာမည်ကို ရေးတဲ့ပုံစံအတိုင်း ရေးထားတာပါ)

ရွှမ်းကျီး၏ မျက်နှာသည် စိတ်ဆင်းရဲမှုများနှင့် ပြည့်နှက်နေသည်။

"မပြောစမ်းပါနဲ့ဗျာ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းက တကယ်ကို အကောင်းဆုံးပဲ။ ဒီနိုင်ငံ လွတ်လပ်ရေးရကတည်းက ဒီလောက်ကြီး နှိပ်စက်မခံခဲ့ရဖူးပါဘူး‌ဗျာ"

ဝမ်ကျဲတစ်ယောက် အလွန်ဇဝေဇဝါ ဖြစ်သွားရ၏။

ရွှမ်းကျီးက အသေးစိတ် မရှင်းပြချင်ပေ။ ခေါင်းကိုသာ ခါလိုက်ပြီး မေးလိုက်သည်။

"အထွေထွေထိန်းချုပ်ရေးအခန်းမှာ အထူးစောင့်ကြည့်ရေးစနစ် ရှိသင့်တယ် မဟုတ်ဘူးလား"

ရွှမ်းကျီးသည် DCO တွင် အသုံးပြုသော စောင့်ကြည့်ရေးစနစ်အကြောင်း ကြားဖူးသည်။ ၎င်းသည် သာမန်စနစ်နှင့် မတူပေ။ မူမမှန်စွမ်းအင်ရင်းမြစ်အမျိုးမျိုးနှင့် သရဲများ၏ အရိပ်များကိုပင် ရိုက်ကူးနိုင်သည်။

"မဟုတ်ဘူး"

ဝမ်ကျဲက ခေါင်းခါပြသည်။

"စောင့်ကြည့်ရေးစနစ်က တိပ်ခွေတွေအားလုံးကို ပြန်ကြည့်ဖို့ ငါ မေးကြည့်ပြီးပြီ"

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now