အခန်း ၈၈

830 143 15
                                    

[Unicode]

လေနတ်ဘုရားအထူးတပ်ဖွဲ့ဝင်ဖြစ်သော ကုယွဲ့ရှီးသည် ထူးဆန်းသော မကောင်းဆိုးဝါးများကို နေ့စဉ်နေ့တိုင်း ကြုံတွေ့ခဲ့ရသည်။ သူ့ဘဝတွင် တွေ့ဖူးခဲ့သမျှ မကောင်းဆိုးဝါးများကို ပေါင်းလိုက်လျင်ပင် သူ့ဘေးနားရှိ လူကဲ့သို့ ကြောက်စရာကောင်းနေမည် မဟုတ်ချေ။

ရှန့်လင်ယွမ်းတွင် နှလုံးမရှိနေသည့် အချက်ကြောင့်လည်း မဟုတ်ပေ။

နမူနာဖြစ်ရပ်များချို့တဲ့ခြင်းကြောင့် လူတို့သည် လက်နက်ဝိဉာဉ်များ၏ ဝိသေသလက္ခဏာများအကြောင်း အနည်းငယ်သာ သိကြသည်။ ကုယွဲ့ရှီးသည် ကျွမ်းကျင်ပညာရှင်မဟုတ်။ လက်နက်ဝိဉာဉ်များက နှလုံးသားမရှိဘဲ ပျော်ရွှင်ကျန်းမာနိုင်သည်လောကို သူ သေချာမသိပေ။ ဘာမဟုတ်သည့် ကိစ္စအတွက် ရုတ်ရုတ်သဲသဲလုပ်ရန် မလိုကြောင်း သူ နားလည်သည်။ သို့သော် သူ့ထိုးထွင်သိမြင်သည့် အမြင်အာရုံပွင့်ကတည်းက သူ့အမြင်အာရုံသာ ပိုကောင်းလာခြင်းမဟုတ်ဘဲ သူ့ခံစားချက်အားလုံးလည်း ပိုအားကောင်းလာခဲ့ခြင်းပင်။ သူ့အနေဖြင့် တစ်ပါးသူကို သံသယလွန်ကဲလာရသည်အထိပင်။

ယခင်က ဓားဝိဉာဉ်သည် ချီမင်းဆက်၏ ဧကရာဇ်ဝူနှင့် နာမည်တူနေသည့်အချက်က သူ့အတွက် ထူးဆန်းခဲ့သည်။ နွေးထွေးသော စိတ်ထားနှင့် အခြားသူများနှင့် လိုက်လျောညီထွေနေနိုင်စွမ်း ရှိစေကာမူ ကုယွဲ့ရှီးအနေဖြင့် အကွာအဝေးတစ်ခုခြားနေကြောင်း အမြဲခံစားမိသည်။ တစ်ခါတရံတွင် သူ့စိတ်ဝိဉာဉ်ကိုပင် အကြောက်တရားက ဖမ်းစားသွားသော်လည်း သူ့အနေဖြင့် အလေးမထားမိခဲ့။ တကယ်တော့ လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်။ လူတို့သည် သူတို့ တစ်ခါမျှမသိသည့် အစွမ်းထက်သော ဖြစ်တည်မှုများကို ကြောက်ရွံ့ကြသည်။ ဤအချက်သည် ပင်ကိုအသိစိတ်သာ ဖြစ်ပြီး ထိတ်လန့်စရာမကောင်းချေ။

သို့သော် ယခုအခါတွင် လုံးဝသီးသန့်ဖြစ်နေသော ကားထဲတွင် သတိလစ်နေသော အဖွဲ့ဝင်များမှလွဲ၍ သူနှင့် ဓားဝိဉာဉ်သာ ရှိနေခြင်းဖြစ်၏။ ကုယွဲ့ရှီး၏ အရေပြားတစ်လျှောက် ကြက်သီးမွှေးညှင်းများ ဖြတ်ပြေးသွားကြသည်။ သူ့အနေဖြင့် ရုတ်တရက် ကားတံခါးဖွင့်ပြီး လမ်းပေါ်သာ ခုန်ချလိုက်ချင်တော့သည်။ ကြည့်ရသည်မှာ သူ့ဘေးနား ထိုင်နေသည့် အဖွဲ့သားက ပြတင်းအပြင်ဘက်မှ မြူခိုးများထက် ပို၍ပင် အန္တရာယ်ရှိနေပုံပင်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now