အခန်း ၈၂

1.1K 155 10
                                    

[Unicode]

ရှန့်လင်ယွမ်းတစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေလျက် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ရွှမ်းကျီး၏ မျက်ခုံးနှစ်ခုကြားကို အသာအယာ ထိတွေ့လိုက်သည်။

ရွှမ်းကျီးတစ်ယောက် ရေခဲပန်းဆွဲတစ်ခုက သူ့ဦးခေါင်းခွံထဲသို့ ဖောက်ထွက်သွားသည့်နှယ် ခံစားလိုက်ရသည်။ အခြားလူတစ်ယောက်ထံမှ စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ့အရေပြားပေါ်ရှိ ချွေးစေးများသည် ချက်ချင်း အေးခဲသွားကြပြီး ရေခဲအဖြစ် ပြောင်းလဲသွားကြသည်။ သူ့ဦးခေါင်းထဲတွင် လှိုင်းထနေသော အတွေးများက ယာယီငြိမ်သက်သွားကြသည်။

သူ၏ ပထမဆုံးတုံ့ပြန်မှုသည်ကား  အထိအတွေ့တစ်ချက်တည်းဖြင့် ရေကို ရေခဲအဖြစ် ပြောင်းလဲနိုင်သည့် ရှန့်လင်ယွမ်း၏လက်ကို ဖမ်းဆုပ်လိုက်ခြင်းပင်။ သူ့လက်ဖဝါးထဲမှ အနွေးဓာတ်ကို ထိုပုဂ္ဂိုလ်၏ လက်ထဲသို့ အရူးအမူး ကူးပြောင်းပေးလိုသည့်အလား။ ဤအပြုအမူက သူ့ခေါင်းထဲတွင် ပေါ်လာခြင်းသည် အလွန်ဒွိဟဆန်လွန်းသည်။ သို့သော် အရှင်မင်းကြီးက စကားတစ်ခွန်းမဆိုနိုင်ခင်မှာပင် ရွှမ်းကျီးတစ်ယောက် အသိပြန်ဝင်လာပြီး သူ့လက်ကို ချက်ချင်း ခါထုတ်ပစ်လိုက်၏။

ရှန့်လင်ယွမ်း : ...

ဒါက ပြောင်းပြန်စီးဆင်းမှုရဲ့ ဘေးထွက်ဆိုးကျိုးလား...

ကံကောင်းသည်မှာ ထိုအခိုက်အတံ့တွင် ရွှမ်းကျီး၏ ဖုန်းက ထမြည်လာခဲ့သည်။ ဒါရိုက်တာရှောင်းထံမှ ခေါ်ဆိုမှုဖြစ်သည်။ အသက်ကယ်ကောက်ရိုးမျှင်ကို ဆုပ်ကိုင်လိုက်သည့်နှယ် ရွှမ်းကျီးတစ်ယောက် ချက်ချင်း ဖုန်းဖြေဆိုလိုက်၏။

"မင်း လူတွေကို မြေပြင်ပေါ် မဆင်းခိုင်းနဲ့။ သူတို့ကို ကျန်းကျိုးကနေ ထွက်သွားခိုင်းလိုက်"

ရှန့်လင်ယွမ်း၏ အာရုံစူးစိုက်မှုတို့ ရွေ့လျားသွားကြသည်။

"ဒီနေရာမှာရှိတဲ့ 'ကမ္ဘာ့သွေးကြော'ကို လူသားမိစ္ဆာက ဝါးမျိုသွားပြီးလောက်မှာ စိုးမိတယ်"

ရွှမ်းကျီးသည် စပီကာဖွင့်ထားခြင်း ဖြစ်သည်။ အကြံဉာဏ်ကို နားထောင်ပြီးနောက်တွင် ရှောင်းကျုန်းသည် သူ့ လုပ်ဖော်ကိုင်ဖက်များကို အလျင်အမြန် အမိန့်ပေးလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now