အခန်း ၇၆

1.2K 155 34
                                    

[Unicode]

အသက်နှစ်ရာကျော်ရှိပြီဖြစ်သော ဒေါက်တာဝမ်တွင် အလွန်ထူးဆန်းသော မျိုးရိုးဇစ်မြစ်ရှိသည်။ သူ့တွင် အလွန်ရှည်သောလည်ပင်းရှိပြီး တစ်ခါတရံတွင် အစည်းအဝေးထဲတွင် အိပ်ငိုက်နေတတ်ကာ သူ့နောက်ကျောသည် လိပ်အခွံကဲ့သို့ ဖြစ်နေလေသည်။ ပြီးခဲ့သောနှစ်များအတွင်း အနှီလူအိုကြီး၏ တုံ့ပြန်ပုံများနှင့် လှုပ်ရှားမှုများသည် နှေးသထက်နှေးလာကြောင်း အားလုံးသတိထားမိခဲ့ကြသည်။ သူသည် အားအင်တို့အချိန်မရွေး ကုန်ခမ်းသွားပြီး ရပ်တံ့သွားနိုင်သော နာရီအိုကြီးနှင့် ပို၍ပို၍တူလာခဲ့၏။ ထို့ကြောင့် ရုံးတွင်းရှိ လူအားလုံးသည် သူ့ကို တိတ်တဆိတ် ဂရုစိုက်ပေးခဲ့ကြသည်။ တစ်နေ့နေ့တွင် ပြင်ဆင်ထားခြင်းမရှိဘဲ ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့မိကြခြင်းပင်။

အဘွားယွီသည် အသက် ၇၀၀ သို့မဟုတ် ၈၀၀ ရှိပြီဖြစ်သည်။ သို့သော် သူသည် နည်းနည်းလေးပင် ပြောင်းလဲမသွားပေ။ သူ၏ နုပျိုမှုကို မည်သို့များထိန်းသိမ်းထားပါသနည်း။

မျက်နှာပေါင်းတင်ခြင်းက သေချာပေါက် အလုပ်ဖြစ်မည်မဟုတ်။ နာမည်ကြီး ထိပ်သီးဆေးရုံ ၃ ခုသည်ပင် သူ့ကို နှစ် ၈၀၀ ကြာအောင် မျက်နှာပေါင်းတင်ပေးနိုင်မည်မဟုတ်ပေ။

"တစ်ခုမှတ်မိသွားပြီ"

ရှောင်းကျုန်းတစ်ယောက် မျက်မှောင်ကျုံ့လိုက်သည်။

"အရင်တုန်းက ကျွန်တော် လုံခြုံရေးဌာနမှာ တာဝန်ကျတုန်းက ခေါင်းဆောင်ဟောင်း ဖုန်လိုင်ညီလာခံကို သွားတဲ့အခါတိုင်း သူနဲ့အတူ လိုက်သွားရတယ်။ အဘွားယွီက သူ့ထူးခြားစွမ်းရည်ကို ထုတ်ပြတာမျိုး တစ်ခါမှမမြင်ဖူးဘူး"

"မင်းရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး အသာထား။ ငါလည်း အဘွားကို ကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။ သူ ထူးခြားစွမ်းရည်ထုပ်ပြတာ မမြင်ဖူးဘူး"

ဝမ်ဇယ်က ပြောလိုက်၏။

"ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖုန်လိုင်ညီလာခံက လူငယ်တွေကို မြှင့်တင်ဖို့အတွက် ပြိုင်ပွဲတွေကို အကြိမ်ကြိမ် စီစဉ်ခဲ့ကြတယ်မလား။ အဲဒီလိုလုပ်တာကလည်း လူငယ်တွေကို ပညာသင်ပေးဖို့ပဲ။ ကျုပ် လေနတ်ဘုရားကပ္ပတိန် ဖြစ်ခဲ့တဲ့အချိန်တုန်းက ရှောင်ကုက အဖွဲ့ထဲကို ဝင်ကာစရှိသေးတယ်။ စကားလည်းသိပ်မပြောဘူး။ ခေါင်းဆောင်ယန့်က အသစ်ကလေးတွေကို ဂရုစိုက်ပေးဖို့ ကျုပ်ကို အမြဲမှာတယ်။ ဂုဏ်သိက္ခာမြင့်တဲ့ အဘွားက ကလေးတွေနဲ့ ရင်းရင်းနှီးနှီးမရှိရင်တောင် အသိပညာနဲ့ အတွေ့ကြုံရဖို့ ကလေးတွေကို ခေါ်သွားရင်တောင် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ခဲ့တာ။ အဲဒါကြောင့် လူတွေကို တရားဝင်ရာထူးရာခံနဲ့ သူ့ဆီ အလည်ခေါ်သွားဖို့ ခရီးစဉ်နည်းနည်း စီစဉ်ခဲ့သေးတယ်။ ဒါပေမဲ့ သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ သူက အမြဲလိုလို ဧည့်သည်နဲ့တွေ့ရင်တွေ့၊ မတွေ့ရင် အနားယူနေတာချည်းပဲ။ ရက်နည်းနည်းကြာပြီးနောက်မှာ ကျွန်တော်တို့အဖွဲ့က အရေးပေါ်တာဝန် လက်ခံခဲ့ရတယ်။ x-ray အမြင်ရှိတဲ့ လူတစ်ယောက်ကို လိုအပ်ခဲ့တယ်။ ယွဲ့ရှီးက ကောင်စီကနေ ထွက်လာပြီး သိပ်မကြာခင်ပဲ အဘွားယွီက ကျုပ်ကို ခေါ်ခဲ့တယ်လေ။ အဲဒီတုန်းက တစ်ခုခုမှားနေပြီလို့တောင် ကျုပ် တွေးခဲ့သေးတာ။ ဒါပေမဲ့ သူ့အနေနဲ့ x-ray အမြင်အောက်ကနေ ပုန်းနေရမယ့်အကြောင်းရှိတယ်လို့ မတွေးရဲခဲ့ဘူး

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now