အခန်း ၄၆

639 104 0
                                    

[Unicode]

ရှန့်လင်ယွမ်းသည် မလှုပ်မယှက်ဖြင့် ခေါင်းကိုငဲ့စောင်းလိုက်ပြီး ကြမ်းတမ်းပုံပေါ်သော ထိုလူက သူနှင့် လက်တစ်ဆန့်စာအကွာသို့ လျှောက်လာသည်ကို ကြည့်နေလိုက်သည်။ ထိုလူသည် အဝါရောင်ကြေးနီဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းရိုးရာသံလိုက်အိမ်မြှောင်ကို ပြသရန် သူ၏ လက်ပတ်နာရီကို မချွတ်ခင်တွင် သူ့ဘေးရှိ လူတိုင်းကို မသိမသာ ဆန်းစစ်လိုက်သေး၏။

သံလိုက်အိမ်မြှောင်၏ မြားတံသည် ဖြည်းဖြည်းချင်း လည်နေပြီး ရှန့်လင်ယွမ်းဆီသို့ လှည့်သွားခဲ့သည်။ မြားတံက ရပ်တံ့ရန် ယိမ်းထိုးနေရုံမျှ ရှိသေးစဉ် ရှန့်လင်ယွမ်းက မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ သံလိုက်အိမ်မြှောင်ခမျာ ရုတ်တရက် ထိတ်လန့်စရာကို ခံစားလိုက်ရသည့်နှယ် သွေးရူးသွေးတန်း ပတ်ချာလည်နေတော့သည်။ ၎င်းသည် ရှင်သန်လိုစိတ် ပေါ်ပေါက်လာခဲ့ပြီး လိမ်လိမ်မာမာဖြင့် ပန်ကာအသေးစားလေးတစ်လုံးကဲ့သို့ ဖြစ်လာသည်အထိ လျင်မြန်စွာ ပတ်ချာလည်နေတော့၏။

ထိုလူသည် သူ၏ သံလိုက်အိမ်မြှောင်က ယခင်က ဤကဲ့သို့ ပြုမူသည်ကို မမြင်ဖူးပေ။ ပထမဆုံးအနေဖြင့် ထိတ်လန့်သွားပြီနောက်တွင် သံသယဝင်လာခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့နားတွင် အသံနိမ့်ဖြင့် ပြောလိုက်သည်။

"အာ မင်္ဂလာနံနက်ခင်းပါ မစ္စတာနျန်"

'မစ္စတာနျန် သည် နောက်လှည့်ကြည့်လိုက်ပြီး ဧရာမ နေကာဦးထုပ်နားပန်းကို ပင့်တင်လိုက်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ မြေခွေးကဲ့သို့ မျက်လုံးများနှင့် နားထင်ပေါ်ရှိ ကြက်သွေးရောင်တက်တူးကို ဖော်ပြနေလျက်။ ထိုပုံရိပ်သည် အလွန်မလှသော်လည်း လူအများကို‌ဆွဲဆောင်နိုင်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီးက သူ့ကို ပရောပရည်လုပ်နေစဉ် မျက်နှာအထက်တွင် အပြုံးတစ်ခုက ချိတ်ဆွဲလို့နေ၏။

မစ္စတာနျန်ကသာ ပရောပရည်စကားများ ပြောဆိုခြင်းမရှိသလို သူ့ကို အသိမှတ်လည်း မပြုပေ။ သူ့နာရီကို လက်ကောက်ဝတ်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည်ဝတ်ဆင်လိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ ဈေးထဲသို့ လျှောက်လှမ်းသွားတော့၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now