အခန်း ၈၉

524 110 14
                                    

[Unicode]

"အိုး"

ရှန့်လင်ယွမ်းက လက်တစ်ချက်ဝှေ့လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းကွက်အားလုံးသည် ဖုန်မှုန့်များနှယ် ဖယ်ရှားသွားကြသည်။ သူသည် ရေနှင့်ပင် စွန်းထင်မခံနိုင်သည့် တောက်ပပြီး သန့်ရှင်းသော ကြွေရုပ်နှင့် ဆင်တူနေလေသည်။ သူ၏ ဖော်ပြထားသော အရေပြားသည် အလွန်ဖြူသောကြောင့် အလင်းရောင်တောက်ပနေလေသည်။

"အချိန်သင့်တာပဲ...ငါတို့ သွားကြည့်ကြတာပေါ့"

သူ့စိတ်သည် ဗလာကျင်းနေသည်။ ရွှမ်းကျီးသည် သူ့နောက်က ပြေးလိုက်သွားသော်လည်း ရှန့်လင်ယွမ်းနှင့် ၃ ချီအကွာအဝေးအတွင်း မကပ်နိုင်ကြောင်း သိလိုက်ရသည်။ အတားအဆီးကို အကြိမ်ပေါင်းများစွာ ဝင်တိုက်မိပြီးနောက်တွင် ရွှမ်းကျီးတစ်ယောက် စိတ်တိုလာပြီး ရှန့်လင်ယွမ်းဆီသို့ လှမ်းရန် အားအကုန်သုံးလိုက်တော့သည်။ သို့သော် အသွင်မဲ့ အကာအကွယ်၏ တန်ပြန်သက်ရောက်မှုကိုသာ ခံလိုက်ရသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်သွားရပြီး ဓားသွန်းမီးဖိုခန်းမကြီးရှိရာ ခြံဝန်းထဲရှိ ကွေ့ဟွာပင်ကြီးအောက်တွင် ပြုတ်ကျသွားခဲ့သည်။ သစ်ကိုင်းတစ်ကိုင်းက သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး ရွှမ်းကျီးသည် အံ့အားသင့်သွားရသည်။ ထို့နောက်မှသာ ယခုလေးတင် ဖူးပွင့်နေခဲ့ကြသည့် ကွေ့ဟွားပန်းများအားလုံး ရှန့်လင်ယွမ်း၏ နိုးထမှုတွင် ခြောက်သွေ့သွားကြပြီး သေဆုံးသွားကြောင်း သတိထားမိသွား၏။

ဒီငတုံးကောင် ရှန့်လင်ယွမ်းက ဘာတွေလုပ်ခဲ့လိုက်တာလဲ...

ကောင်းကင်ဘုံအကျဉ်းတိုက်တွင် ရှိနေသူမှာ တန်းလီပင်။ သူသည် နေအိမ်အကျယ်ချုပ်ချခံထားရသည်ဟု အားလုံးက ထင်ကြသော်လည်း လူသားတို့၏ စိတ်ကူးယဉ်မှုက အကန့်အသတ်နှင့်ပင်။ လူသားဘုရင်က တန်းလီကို သွေးအိုင်ထဲတွင် သံမှိုရိုက်စွဲထားပြီး ယခုဆိုလျင် တစ်နှစ်ကျော်ခန့် နှပ်ထားခြင်းမျိုးပင်။

သူ့မျက်နှာဖုံးသည် ဖယ်ရှားခံထားရပြီး ဖုံးကွယ်ထားသော မျက်နှာကို လှစ်ဟပြထားလေသည်။ သူ့မျက်နှာအထက်တွင် မျက်လုံးများသည်သာ တစ်စုတစ်စည်းတည်း ရှိနေခြင်းပင်။ မျက်နှာအောက်ပိုင်းတွင်မူ မီးလောင်ကျွမ်းထားသော အကြွင်းအကျန်များရှိနေလေသည်။ တစ်နှစ်ပတ်လုံး သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် အသားအားလုံးသည် ကြွပ်ရွလုနီးပါး အကြော်ခံထားရသလိုပင်။ လျော့တိလျော့ရွဲ အရေပြားသည်သာ သူ့အရိုးများကို စိတ်မပါ့တပါ ရစ်ပတ်ထားသည်။ အာဟာရမပြည့်မိသော လူတစ်ယောက်အလား။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now