အခန်း ၃၇

635 119 4
                                    

[Unicode]

ရွှမ်းကျီးသည် စဉ်းစားမနေတော့ဘဲ သူ့လက်ချောင်းများကို ဓားတစ်ချောင်းကဲ့သို့ စုလိုက်ပြီး ခန္ဓာကိုယ်နံဘေးသို့ အားဖြင့်ရိုက်ချလိုက်သည်။

သူ၏ ဘယ်ဖက်လက်ထဲတွင် စီးကရက်တစ်ဝက် ရှိနေပြီး ညာဘက်လက်ကမူ သတ္တုအဖြစ် ပြောင်းသွားသည်။ ၎င်း၏ အစွန်းများက ချွန်ထက်နေပြီး လက်ချောင်းများထိပ်တွင် မီးတောက်တစ်ခုက ခဲလျက်ရှိသည်။

အားလော့ကျင်းက စူးစူးဝါးဝါး အော်ရယ်လိုက်ပြီး ဝှီးခနဲမြည်သံနှင့်အတူ ကြောက်စရာကောင်းသောပုံစံဖြင့် လေထဲသို့ မြောက်တက်သွားသည်။ ညကောင်းကင်တွင် ဖြူဖျော့နေသော အရိုးစုများဖြင့် ပြုလုပ်ထားသည့် ဧရာမလိပ်ပြာကြီးတစ်ကောင်က ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်တွင် တည်ငြိမ်စွာ နေရာယူလိုက်သည်။ အရိုးများဖြင့် ပြုလုပ်ထားသည့် ၎င်း၏ အတောင်ပံသည် လေပြင်းတစ်ခု တိုက်ခတ်စေလိုက်ပြီး စီးကရက်ထိပ်ဖျားရှိ မီးတောက်လေးခမျာ ဆက်လက်ရှိနေရန် ရုန်းကန်နေရ၏။

ဤကဲ့သို့ ပေါ်ထွက်လာမှုပုံစံကြောင့် ရွှမ်းကျီးတစ်ယောက် လှုပ်ခါသွားရသည်။ ထို့နောက်တွင် သူ၏ အတတ်ပညာဆိုင်ရာတာဝန်ရှိမှုကို သိရှိခြင်းက တစ်ဆက်တည်း ပါလာခဲ့သည်။

"ခဏလေး"

ရွှမ်းကျီးမျက်နှာသည် အစိမ်းရောင် ပြောင်းသွားခဲ့သည်။ နတ်ဆရာမျိုးနွယ်စု၏ အကြီးကဲငယ်လေးသည် ဤအရာကြီးကို ကျေးလက်ဒေသမှ လမ်းတစ်လျှောက်လုံးကို စီးနင်းမသွားရန်သာ မျှော်လင့်မိနေ၏။

ယခုအချိန်သည် ညသန်းခေါင်အချိန်ဖြစ်သော်လည်း မြို့ကြီးများတွင် ညဇီးကွက်များ ပြတ်လပ်သည်ဟူ၍မရှိ။ လမ်းမများအထက်ရှိ လုံခြုံရေးကင်မရာများ မပါသေး။

အကယ်၍ ဤအချင်းအရာကသာ မနက်ဖြန်အတွက် ထိပ်သီးကြားဖြတ်သတင်း ဖြစ်လာခဲ့လျှင် မည်သူ့အမှား ဖြစ်ပေမည်နည်း။ ထိုကိစ္စကို မည်သို့ရှင်းပြကြလိမ့်မည်နည်း။

အားလော့ကျင်းက ဂရုမစိုက်ပေ။ ခြေထောက်အောက်တွင် လိပ်ပြာကို စီးနင်းလျက် လေထဲတွင် ပြောင်ပြောင်တင်းတင်း တွဲလဲခိုနေသည်။ ဟော်တယ်သည် မြို့လယ်ခေါင်တွင် ရှိနေခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် အခရာကျသည့်နေရာဘေး၌ ဖြစ်သည်။ ၎င်း၏ အရှေ့မျက်နှာစာတွင် အချိန်နှင့်အမျှ ကားများဖြတ်သွားနေသည့် သုံးလွှာရှိသော လမ်းမကြီးများရှိသည်။ သဘာဝယုတ္တိနှင့် မညီသော ဤဧရာမစွန်ကြီးကို မြင်သွားရန်အတွက် ယာဉ်မောင်းသမားအနေဖြင့် မော့ကြည့်လိုက်ရုံသာလိုအပ်သည်။ ယခုကဲ့သို့ ညအချိန်တွင် လမ်းမများအထက်၌ ကားများ အများအပြားမရှိသော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကသာ ခေါင်းမော့ကြည့်ခဲ့ပြီး ဝါရင့်နိုင်ငံသား အားလော့ကျင်းနှင့် သူ၏ စီးတော်ယာဉ်ကို သတိထားမိသွားလျှင် ကြီးမားသော ယာဉ်တိုက်မှုတစ်ခု သေချာပေါက် ဖြစ်သွားလိမ့်မည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now