အခန်း ၉၆

656 112 5
                                    

[Unicode]

နှင်းကျထားသောကြောင့် မြေအောက်တွင် စိုစွတ်နေပြီး အနံ့စူးစူးက အထဲတွင် ရောနှောနေလေသည်။ အပိုင်းပိုင်းအစစဖြစ်နေသော ပဲ့တင်သံများက သူတို့ရှိရာသို့ လာနေကြသည်။ အသံရင်းမြစ်ကိုမူ သေချာမသိရ။ တဝီဝီမြည်သံက ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ခုက အမှောင်ထဲတွင် တီးတိုးပြောဆိုနေသည့်အလား။ ဤကျူးကျော်ဝင်ရောက်လာသူများ၏ အသားများကို မည်သို့သုံးဆောင်ရန် ဆွေးနွေးနေကြသည့်နှယ်။

ရွှမ်းကျီးက လက်မြှောက်လိုက်ပြီး လက်ဖျောက်တီးလိုက်ကာ သူ့လက်ချောင်းများထိပ်တွင် နှင်းဖြူရောင် မီးတောက်ကို ထွန်းလင်းစေလိုက်သည်။ မီးတောက်က နံရံဘေးမှ ဖြတ်သန်းသွားချိန်တွင် တရှဲရှဲမြည်သံတို့ ထွက်ပေါ်လာခဲ့သည်။ အချို့နေရာများတွင် ရှုံ့မဲ့နေသော မျက်နှာအနည်းငယ်က နံရံမှ ပေါ်ထွက်လာတတ်ကြပြီး နံရံမှ မျက်နှာကြက်အထိ အသံတိတ် ဆန့်ထွက်နေကြလေသည်။ မျက်နှာအမျိုးမျိုး အသွင်ယူလာခဲ့ပြီး သူတို့ပါးစပ်အစွန်းများမှ သွေးများစီးကြလျက်ရှိ၏။

နံရံနှင့်အနီးဆုံးဖြစ်သော ကျန်းကျောင်းတစ်ယောက် ကြက်သီးထနေတော့သည်။

ဒါရိုက်တာရွှမ်း ဒါကဘာ

လက်တစ်ဖက်တည်းတွင် မီးတောက်ကို သေသေချာချာ ထိန်းထားပြီး ရွှမ်းကျီးသည် အခြားလက်တစ်ဖက်ကို သူ့နှုတ်ခမ်းအနီးသို့‌ မြှောက်လိုက်သည်။ တိုးတိုးနေရန် အမူအရာလုပ်ပြလိုက်ခြင်းပင်။

သတ္တုချင်းထိမိသံများက အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာများမှ ထွက်ပေါ်လာကြသည်။ သူတို့ရှေ့တည့်တည့်တွင် ခွဲထွက်နေသော အခန်းငယ်များစွာ ရှိနေလေသည်။ အခန်းများထဲတွင် ချပ်ဝတ်တန်ဆာများက ပြွတ်သိပ်နေအောင် ရှိနေကြပြီး ၎င်းတို့၏ မြင်းတပ်ဆန့်ကျင်ရေး ဓားရှည်များက တောက်ပနေသည်။ လက်နက်အပြည့်တပ်ဆင်ထားပြီး အသင့်ဖြစ်နေသော အစောင့်များကဲ့သို့ သွန်းလုပ်ခံထားရသည့်အလား။

ချပ်ဝတ်တန်ဆာတို့၏ ခေါင်းဆောင်သည် လူအုပ်ရှိရာသို့ လှည့်လာခဲ့ပြီး ကွင်းဆင်းဝန်ထမ်းများ၏ ခန္ဓာကိုယ်များအထက်ရှိ စွမ်းအင်စောင့်ကြည့်ရေးစက်များသည် အရူးအမူး ထမြည်ကုန်ကြတော့၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now