အခန်း ၇၀

1.1K 185 32
                                    

[Unicode]

ရွှမ်းကျီးတွင် သံစုံတီးဝိုင်းဖွဲ့ရန် လုံလောက်သည်အထိ ပြည့်စုံသော လျှာနှင့် သံစဉ်များကို သီဆိုရင်း အစေ့အစံများ ခွာစားနိုင်သည် ထူးခြားစွမ်းရည်မျိုး ရှိသော်လည်း ရုတ်တရက်ဆိုသလို စမ်းတဝါးဝါး ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားခဲ့ပြီး အချည်းအနှီးသာ ဖြစ်သွားရသည်။

သူ့အနေဖြင့် သူ့လျှာကို ပြန်လည်မသိမ်းယူနိုင်ခင်အထိ အချိန်အတော်ကြာသွားသည်။

"ဒါက အရမ်းကို...သူတို့တွေက တန်ပြန်သက်ရောက်မှုဆိုတာကို မကြောက်ကြဘူးလား"

သူသည် အသံကျယ်ကျယ်ပြောရန် ကြိုးစားလိုက်သည်။

"ဒါပေါ့ ကြောက်ကြတာပေါ့။ ယောင်ဘုရင် သေသွားပြီးနောက်မှာ လူသားကမ္ဘာမှာ ငြိမ်းချမ်းမှု ကြာရှည်ဖို့အတွက် ကောင်းကင်ဘုံမိစ္ဆာဖြစ်တဲ့ ငါက ငါ့ရည်ရွယ်ချက်ကို ဆောင်ရွက်ပေးပြီးတဲ့နောက်မှာ စွန့်ပစ်ခံရတာပေါ့။ တကယ်လို့ တန်းလီကသာ ငါ့ရဲ့ အသက်ကို နုတ်ယူဖို့ မရည်ရွယ်ခဲ့ဘူးဆိုရင် သူ့ကို အမြစ်ဖြုတ်ဖို့ ဘယ်လိုလုပ် အခွင့်အရေး ရခဲ့ပါ့မလဲ"

ရှန့်လင်ယွမ်းက အေးအေးဆေးဆေး ပြောနေခြင်းဖြစ်သည်။

"သမိုင်းမှတ်တမ်းတွေမှာ ဒီဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားမယ်တော့ မထင်ဘူး။ ငါ မင်းကို အကြမ်းဖျင်း ပြောပြမယ်"

"မင်းလိုမျိုး ငယ်ရွယ်တဲ့ မျိုးဆက်တွေက ငြိမ်းချမ်းတဲ့ ကာလတွေနဲ့ အရမ်းအသားကျနေကြပြီ။ ဆူပူမှုတွေနဲ့လည်း အရမ်းစိမ်းသက်နေကြပြီ။ လူသားမိစ္ဆာတွေကိုတောင် မွှေနှောက်ဖို့ ခွင့်ပြုလိုက်ကြသေးတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ လုံးဝမတူဘူး။ ကောင်းကင်ဘုံမိစ္ဆာဖြစ်တော့ရော ဘာလုပ်နိုင်မှာမလို့လဲ။ ချီယွမ်ရဲ့ မီးလျှံတွေက ကမ္ဘာမြေကြီးကို လောင်ကျွမ်းနေခဲ့တဲ့အချိန်မှာ မြေလျှိုးမိုးပျံနိုင်တဲ့အထိ စွမ်းအားကြီးတဲ့ အထင်ကြီးစရာ ဆရာကြီးမဟုတ်တဲ့ ကျင့်ကြံသူဆိုလို့ တစ်ယောက်မှတောင် မရှိခဲ့ဘူး။ တကယ်လို့ သူတို့က ကောင်းကင်ဘုံမိစ္ဆာကို ဖန်တီးနိုင်ရင် ငါ့ကို ချီယွမ်အောက်မှာ ပြန်ပြီးသံမှိုရိုက်စွဲနိုင်တာပေါ့"

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now