အခန်း ၅၅

643 123 11
                                    

[T/N - ဒီအခန်းကစပြီး ရှောင်းကျန်းကို ရှောင်းကျုန်းလို့ ပြင်ရေးသွားပါ့မယ်နော်။ ဒီနေ့ Eliz က Audio Drama edit ကိုင်ရင်း ရွှမ်းကျီးက ရှောင်းကျုန်းလို့ခေါ်လိုက်မှ နာမည်အသံထွက် မှားနေမှန်းသိတာပါ။ အရှေ့ပိုင်းတွေကိုတော့ နောက်မှပြန်ပြင်ပေးသွားပါ့မယ်နော် ^^]

[Unicode]

ဝမ်ဇယ်တွင် ထူးဆန်းသော လှည့်စားမှုအမျိုးမျိုး ရှိသည်။ သူတို့အဖွဲ့က ကမ်းစပ်ကို ရောက်သောအခါ ဆိပ်ကမ်းတွင် ၎င်းတို့ကို စောင့်နေသည့် မော်တော်ဘုတ်တစ်စင်းက ရှိနေပြီဖြစ်၏။

ရွှမ်းကျီးအခြေအနေက မကောင်းသေးကြောင်း ခံစားမိပြီး ဝမ်ဇယ်တစ်ယောက် တစ်လမ်းလုံး သူ့ကို စောင့်ကြည့်လာခဲ့သည်။

လှိုင်းမူးတတ်လား ဒါရိုက်တာရွှမ်း။ မင်းတို့လို မိုးကြိုး-မီးအမျိုးအစား လူတွေက ပင်လယ်မှာ ကောင်းကောင်းခရီးသွားနိုင်ကြတယ်လို့ မထင်ဘူး။ မင်း တကယ်လို့ နေမကောင်းဘူးဆိုရင် ကမ်းစပ်မှာပဲ နေခဲ့။ အောက်ကိုမဆင်းနဲ့တော့

ရွှမ်းကျီးက အားအင်ချိနဲ့စွာ မော့ကြည့်လာခဲ့သည်။

ဟောဒီ ရမ်းသမ်းပမ်းသမ်း အယူအဆကရော ဘယ်ကရောက်လာပြန်တာလဲ

ကျုုပ်တို့ ယူနစ်မှာ ထူးခြားစွမ်းရည်ပိုင်ရှင်တွေအတွက် အတွင်းပိုင်းဒဏ်ရာတွေ၊ နာတာရှည်ဖျားနာမှု၊ ကျိန်စာတွေကို စကန်ဖတ်ဖို့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေရှိတယ်ကုသနိုင်စွမ်းဆိုတာကို ဘေးဖယ်ထားလိုက်ရင် အနည်းဆုံးတော့ တစ်ခုခုကို ရှာတွေ့နိုင်တယ်လေ

ဝမ်ဇယ်သည် အလွန်စိုးရိမ်ကြောင့်ကြလျက်ရှိသည်။

မင်း သွားသင့်တယ်— ဖျားနာမှု သေးသေးလေးကနေ အပြင်းအထန် ဖြစ်သွားပြီး ရောဂါအပြင်းအထန်ကနေ

နေကောင်းဖို့သာ ဆုတောင်းပေးစမ်းပါ။ တစ်နေ့နေ့ ကျွန်တော် သေသွားရင် ခင်ဗျားကို အရင်ဆုံး ဖိတ်စာပို့ပေးမယ် ဟုတ်ပြီလား။ ကျွန်တော်က သွေးတွင်း သကြားဓာတ်ကျရုံပါပဲဗျာ။ အခုနောက်ပိုင်း အခြေအနေတွေက အရမ်းဖရိုဖရဲဖြစ်ပြီး ကျွန်တော်က လောင်ရှောင်းအတွက် ရုံးခန်းကို ကြည့်ပေးနေရတာလေ။ နောက်ဆုံးအကြိမ် ဗိုက်ဖြည့်လာတာက ဒုန်ချွမ်းမှာ

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now