အခန်း ၇၄

1.1K 179 27
                                    

[Unicode]

အနောက်တောင်တန်းများတွင် လေယာဉ်ဆင်းသက်ချိန်၌ နေမွန်းတည့်နေပြီဖြစ်သည်။ မြောက်ပိုင်းတွင် နှင်းမိုးကျထားပုံပေါ်ပြီး အနောက်တောင်တန်းကို တစ်ညလုံး ဆံပင်ဖြူပေါက်နေစေသယောင်။ ရှားပါးကျီးကန်းနှင့် ငှက်ကျားအချို့မှလွဲ၍ မြင်ကွင်းထဲတွင် အခြားမည်သည့်ငှက်မျှ မရှိပေ။ ယွိယန်၏ ရေလှိုင်းနွေးနွေးနှင့် အုန်းပင်များနှင့်နှိုင်းယှဉ်လိုက်လျှင် ဤနေရာသည် လုံးဝအခြားကမ္ဘာတစ်ခုလိုပင်။

ယခင်က သူ့ဘဝတွင် စစ်ပွဲများသည် ရှန့်လင်ယွမ်းကို ကုန်းမြေများစွာဆီသို့ ခေါ်ဆောင်သွားခဲ့ဖူးသည်။ ထို့ကြောင့် သူ့အနေဖြင့် မြောက်ပိုင်းနှင့်တောင်ပိုင်းက ရာသီဥတုကွာခြားကြောင်း သေချာပေါက်သိသည်။ သူ့အနေဖြင့် ကျားကွက်နှစ်ခါပြန်ကစားချိန်အတွင်း တောင်မှမြောက်သို့ တိုက်ရိုက်မသွားဖူးခြင်းသာ ဖြစ်သည်။ ပိရှမျက်နှာက မဖော်ပြသော်လည်း သူသည် ထိတ်လန့်နေ၏။

သူတို့ထွက်မလာခင်က ရွှမ်းကျီးကို အဘယ်ကြောင့် ကိုယ့်ဟာကိုယ်မပျံသန်းသလဲဟု မေးခဲ့ခြင်းသည် အတော်လေး ဗဟုသုတနည်းပါးရာကျကြောင်း သဘောပေါက်သွားခဲ့၏။

ရွှမ်းကျီးမဆိုထားနှင့်၊ ရှေးခွင်ဖုန်း သို့မဟုတ် တစ်ရက်အတွင်း လီပေါင်းထောင်ချီ သွားလာနိုင်သည်ဟု ပြောစမှတ်ပြုကြသည့် နတ်ဘုရားများသည်ပင်လျှင် ဤမျှမြန်မြန်ဆန်ဆန် ခရီးသွားနိုင်စွမ်း ရှိပါမည်လော။

ဒါက အထူးမစ်ရှင်တွေအတွက် သတ်မှတ်ပေးထားတဲ့ ကိုယ်ပိုင်လေယာဉ်ဆိုပေမဲ့ တကယ်တော့ ချာတူးလံ စီးပွားဖြစ်လေယာဉ်ပျံကို ပြုပြင်မွမ်းမံထားရုံပဲ။ နည်းပညာအပိုင်းက ဘာမှအံ့ဩစရာမရှိဘူးရယ်

လုပ်ဖော်ကိုင်ဖက်ဝမ်ဇယ်သည် မွေးရာပါ ခရီးလမ်းညွှန်အတိုင်းပင်။ သူ့ပါးစပ်သည် တစ်ခဏလေးပင် ရပ်တံ့သွားခြင်းမရှိဘဲ ရှေးခေတ်မှ ယနေ့ခေတ်အထိ အကြောင်းအရာအားလုံးကို ပြောပြနေလေသည်။ တရားဝင်သမိုင်းအကြောင်းအရာများနှင့် ဒဏ္ဍာရီများအပါအဝင်ပါပေ။

ကောင်းတာမှန်သမျှ စစ်တပ်နဲ့ အာကာသစခန်း ရောက်တာချည်းပဲ

ရွှမ်းကျီးသည် သူ၏ ဒုတိယမြောက်ရေပုလင်းကို ဖွင့်လိုက်သည်။ သူသည် ပိရှ၏ အာရုံစိုက်မှုကို အရယူမည့် တိုက်ပွဲတွင် ကျရှုံးသွားခဲ့သည်။ ပထမအကြောင်းရင်းမှာ သူ့အနေဖြင့် အလုပ်စလုပ်သည်မှာ မကြာသေးဘဲ ခြေတိုဖျံကောင်ဝမ်ဇယ်ကဲ့သို့ အဖြစ်အပျက်များကို မရင်းနှီးပေ။ ဒုတိယအကြောင်းရင်းမှာ သူ့အနေဖြင့် စကားအများကြီးပြောပြီးလျှင် ရေဆာသောကြောင့်ပင်။ အားလုံးက အဆုံးမသတ်နိုင်သော တံတွေးအထောက်အပံ့ရှိသည့် ရေအမျိုးအစားများကဲ့သို့ ပင်ကိုအရည်အသွေးရှိသူ မဟုတ်ချေ။ 

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now