အခန်း ၆၅

959 173 33
                                    

[Unicode]

ရွှမ်းကျီးသည် သူ့တံတွေးနှင့်သူ သီးသွားလုနီးပါ ဖြစ်သွားရသည်။ ဝရုန်းသုန်းကားဆန်သော အမွေဆက်ခံမှု၏ အကျိုးသက်ရောက်မှုများကြောင့် သူ၏ တွေးခေါ်ပုံသည် အလွန်အမင်း ကျဆင်းသွားရသည်။ ငါ့နောက်လိုက်ခဲ့ နှင့် အခြေအနေ ဟူသော စကားလုံးများကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်သည် ချက်ချင်းဆိုသလိုပင် မှားယွင်းသော နေရာသို့ ရောက်ရှိသွား၏။

ငါ့ကို ခဏလောက်ပဲ အဖော်ပြုဖို့ ပြောတာ။ အဲဒါမှ ငါက မင်းအသက်ကို ကယ်တင်ပေးနိုင်မယ့် အရေးပေါ်အကွက်တွေကို သင်ပေးလို့ရမှာလေ

ရှန့်လင်ယွမ်းသည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ဘာတွေလန့်နေတာလဲ

ကျွန်-ကျွန်တော် မဟုတ်၊ ဒီတိုင်း-ဒီတိုင်းပဲဟို-ဟို-ဟိုအံ့ဩသွားမိလို့ပါ

သူသည် ရှန့်လင်ယွမ်းကို ပြန်ကြည့်လိုက်စဉ် အေးအေးလူလူပုံစံဖြစ်ရန် ကြိုးစားလိုက်ရသည်။ သူ့မျက်လုံးများက မည်းနက်ပြီး နက်ရှိုင်းသော မျက်လုံးတစ်စုံနှင့် အကြည့်ဆုံသွားသည်နှင့်တစ်ပြိုင်နက် အူလိုက်သည်းလိုက် သိမ့်သိမ့်တုန်သွားမည်ဟု မမျှော်လင့်ထားခဲ့။ သူ့တစ်ကိုယ်လုံးကို လေထဲတွင် ဆွဲယမ်းလိုက်သည့်အလား။ ရွှမ်းကျီးတစ်ယောက် ခြေထောက်ရှိရာသို့ အလျင်အမြန် အကြည့်လွှဲလိုက်တော့သည်။ ရွှမ်းကျီးဦးနှောက်၏ ဘယ်ဘက်အခြမ်းသည် သူ့ကိုယ်သူ တည်ငြိမ်စေရန် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး စိတ်အေးအေးထားရန် သတိပေးနေလေသည်။ ထိုစဉ် ညာဘက်အခြမ်းတွင် ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ ငါ့နောက်လိုက်ခဲ့ ဟူသည့် စကားစုသာ ဖြစ်လေသည်။ ထိုစကားစုသည် သူ့ဦးခေါင်းခွံ၏ အတွင်းပိုင်းကို ခြစ်ခြစ်တောက် ပူနေစေသည်။ အပူခြမ်းနှင့် အအေးခြမ်းတို့ တစ်ခုနှင့်တစ်ခု တိုက်မိသွားချိန်တွင် ဟာရီကိန်းတစ်ခု ဖြစ်ပေါ်လာပြီး လည်ပင်းအထက်ပိုင်းရှိ အစိတ်အပိုင်းများသည် စိတ်ဖြင့်လုပ်ဆောင်မှုဟန်တို့ ချက်ချင်းပျောက်ဆုံးသွားကြ၏။

ရှန့်လင်ယွမ်းက ရွှမ်းကျီးကို စိုက်ကြည့်နေရင်း ထိုယောင်လေးက ပို၍ပို၍ မသင်္ကာစရာကောင်းလာသည်ကို သဘောကျနေလေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now