အခန်း ၉၈

829 121 5
                                    

[Unicode]

ရှန့်လင်ယွမ်းတွင် နှလုံးရှိခဲ့စဉ်ကပင် သူသည် ထိုလူသားကို လိုချင်တပ်မက်စိတ်တို့အား ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ပြီး နည်းလမ်းအနည်းငယ်ကိုပင် စဉ်းစားခဲ့ရ၏။

သူသည် ထိုလူသားအပေါ် တမင်တကာ အေးစက်စက်ဆက်ဆံပြီး ခပ်ကင်းကင်းနေကာ နောက်ပိုင်းတွင် သူ့ကို စွန့်ပစ်လိုက်ရန် တွေးခဲ့ဖူးသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက်တွင် ဓားဝိဉာဉ်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူ့အနေဖြင့် ခန္ဓာကိုယ်တစ်ခုရအောင် နှစ်ပေါင်းမည်မျှကြာကြာ ကျင့်ကြံအားထုတ်ရမည်ကို မသိသေးပေ။ ထိုအချိန်မတိုင်ခင်အထိ ရှန့်လင်ယွမ်းသည် သေမျိုးကမ္ဘာတွင် ရှောင်ကျီး၏ တစ်ခုတည်းသော ဆက်နွှယ်မှုလေးတစ်ခုပင်။ အကယ်၍ သူသာ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများအတွက် ခပ်ခွာခွာနေလျှင် ရှောင်ကျီးအနေဖြင့် နေ့ရက်များကို မည်သို့ဖြတ်သန်းရမည်နည်း။

ထို့ကြောင့် သူသည် ဓားဝိဉာဉ်လေးကို သူ့ခံစားချက်များ မမြင်အောင် ပိတ်ဆို့ရန်အတွက် ကိုယ့်စည်းနဲ့ကိုယ်နေခြင်း နည်းလမ်းကို နေ့စဉ်ကျင့်သုံးခဲ့ပြီး တရားထိုင်ခဲ့သည်။ ထို့နောက် သူ့အတွက်သူ ပုံရိပ်ယောင်လောက တစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့၏။

အချို့ပုံရိပ်ယောင်များတွင် သူသည် ဓားဝိဉာဉ်လေးကိုသာ မျက်နှာသာပေးသောကြောင့် အလွန်အမင်း ပျော်ရွှင်မှုက ပူဆွေးဝမ်းနည်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ သမိုင်းထဲတွင် တိုင်းပြည်ကို ပျက်စီးစေခဲ့သော အမျိုးသမီးများနှယ် ရှောင်ကျီးသည် နှစ်သက်ကြည်နူးဖွယ်ကောင်းသော မြှောက်ပင့်သူ၏ သိမ်ဖျင်းမှုစရိုက်တို့ကို သယ်ဆောင်ထားလျက် နေရာမရွေး ပြစ်တင်ရှုတ်ချနေလေသည်။ သူ့ကို ကာကွယ်ပေးရန် အားအင်ကုန်ခမ်းသွားချိန်မျိုးတွင် သူ့ခန္ဓာကိုယ်က သေဆုံးသွားပြီး ဝိဉာဉ်က ပြိုကွဲသွားတတ်သည်။ အချို့ပုံရိပ်ယောင်များတွင် ဓားဝိဉာဉ်သည် ခန္ဓာကိုယ်ရအောင် ကျင့်ကြံပြီးထားပြီဖြစ်ပြီး အရွယ်ကောင်းကို မကြာသေးခင်ကမှ ရောက်ထားသည်။ သို့သော် သေမျိုးတစ်ယောက်ဖြစ်သော ရှန့်လင်ယွမ်းကမူ တဖြည်းဖြည်း အသက်ကြီးသွားပြီး သူတို့ ငယ်ရွယ်စဉ်က ရှိခဲ့သည့် သူငယ်ချင်းဆက်ဆံရေးသည် သူ၏ ယိုယွင်းလာသော ခန္ဓာကိုယ်နှင့်အတူ ဆိုးရွားလာသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဓားဝိဉာဉ်က သူ၏ ဆံနွှယ်ဖြူဖြူများနှင့် အရေတွန့်နေသော အရေပြားတို့ကို စက်ဆုပ်ရွံရှာစွာ ကြည့်နေတတ်ပြီး သူကိုယ်တိုင်ကလည်း သူ့မျက်နှာကို ထုတ်ပြရန် ရှက်နေမိတတ်သည်။ အချို့ပုံရိပ်ယောင်များတွင် ဓားဝိဉာဉ်သည် တစ်ဘဝလုံးကို သူ့လက်ထဲတွင်သာ ရိုးရှင်းစွာ ကုန်ဆုံးခဲ့ပြီး သူ့ကို ဘဝတစ်လျှောက်လုံး အဖော်ပြုပေးခဲ့သည်။ သို့သော် လူသားတစ်ယောက်နှင့် ဓားဝိဉာဉ်သည် အချိန်အကြာကြီး မည်သို့အတူရှိနိုင်ပါ့မည်နည်း။ သူတို့ကို သေခြင်းတရားက ခွဲခွာချိန်တွင် အတိတ်က ကောင်းမွန်သောနေ့ရက်များသည် အရိုးကုတ်ခြစ်မည့် ဓားတစ်လက်သာ ဖြစ်လာလိမ့်မည်။ တစ်ရက်ပြီးတစ်ရက် သူ့နှလုံးသားတွင် ခုတ်ဖြတ်ရာထောင်ချီသေဒဏ်ကို ဖြစ်ပေါ်စေလိမ့်မည်သာ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now