အခန်း ၂၇

576 126 6
                                    

[Unicode]

ရှန်လင်းယွမ်က ဖြေလိုက်သည်။

"အဲဒါက ဧကရာဇ်ဖျင်ရဲ့ ၃၁ နှစ်မြောက်နှစ်မှာလေ"

ဤအချက်သည် ရွှမ်ကျီသိသည့် သမိုင်းနှင့် ကိုက်ညီသည်။ ဧကရာဇ်ဖျင်က နိုင်ငံကို ပြန်လည်တည်ထောင်ပြီးနောက်မှသာ ၎င်း၏ လမ်းကြောင်းကို ပြောင်းလဲခဲ့ပြီး ပြက္ခဒိန်နှစ်၏ နာမည်ကို အသစ်ပြန်လည်ပြုပြင်လိုက်ခြင်း ဖြစ်သည်။ ထိုမတိုင်ခင်တွင် သူသည် ပလ္လင်ဆက်ခံခဲ့ပြီး ဖြစ်သော်လည်း လူသားမျိုးနွယ်သည် ယခင်မင်းဆက်၏ ပြက္ခဒိန်ကို အသုံးပြုနေဆဲဖြစ်သည်။ ထိုနှစ်များကြားတွင် "ဧကရာဇ်ဖျင်၏ ၃၁ နှစ်မြောက် နှစ်" သည် အရေးကြီးသောနှစ် ဖြစ်ခဲ့သည်။ သမိုင်းမှတ်တမ်းများအရ ထိုနှစ်သည် ၁၈ နှစ်ပြည့်ပြီးရုံမျှဖြစ်သော ဧကရာဇ်ငယ်လေးက မျိုးနွယ်စုအားလုံးကို ပေါင်းစည်းရန်အတွက် ဦးဆောင်ခဲ့သည့်နှစ် ဖြစ်သည်။ ယခင်က သဲများကဲ့သို့ ပြန့်ကျဲနေခဲ့သော လူများသည် အုပ်ချုပ်သူအသစ်အောက်တွင် အတူတကွ စုစည်းသွားကြသည်။ ထို့ကြောင့် ထိုအချိန်သည် အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သည့် နယ်မြေ ၉ ခု စစ်ပွဲ ကာလတစ်လျှောက်လုံး အချက်ချာကျသော အချိန်ဖြစ်၏။

သမိုင်းသည် မည်သည့်ဖြစ်ရပ်များ ဖြစ်ခဲ့သည်ကိုသာ မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ပြီး မည်သို့ဖြစ်ခဲ့သည်ကိုမူ မှတ်တမ်းမတင်ထားခဲ့ပါချေ။ ရွှမ်ကျီတစ်ယောက် ဤအပိုင်းကို ဖတ်ခဲ့ချိန်တွင် တွေးရခက်နေခဲ့ပြီး ၁၈ နှစ် အရွယ်မျှသာရှိသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ကြော်ငြာများ၊ သတင်းပလက်ဖောင်းများ မရှိခဲ့ချိန်တွင် ဤမျှလောက် များပြားသော လူတို့ကို ရည်မှန်းချက်တစ်ခုတည်းအတွက် တစ်ပြိုင်တည်း အလုပ်လုပ်ရန် မည်သို့လှုံ့ဆော်နိုင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ချေ။ တကယ်တော့ ဤဖြစ်ရပ်မတိုင်မီက သူ့တွင် မည်သည့်အောင်မြင်မှုမျှ ရှိခဲ့ပုံမပေါ်ပေ။

အထင်ကြီးစရာကောင်းသော နတ်ဆရာမျိုးနွယ်စုက သူ့ဘက်တွင် ရှိနေခဲ့သောကြောင့်ဖြစ်ကြောင်း ရွှမ်ကျီတစ်ယောက် ဤအချိန်မှသာ သဘောပေါက်သွားတော့သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now