အခန်း ၆၈

888 181 29
                                    

[Unicode]

ယောင်မင်းသမီးက ဘယ်သူလဲ

မဟုတ်သေးဘူးခန

ကျိုကျိုးမှာ ဝရုန်းသုန်းကားအခြေအနေတွေကို ဖန်တီးခဲ့တဲ့ သူ့ရဲ့ အရှုံးသမားယောက်ျားက ယောင်မင်းသမီးနဲ့ အချစ်ဇာတ်ခင်းခဲ့တာလို့ ပြောနေတာလား

ပြီးတော့ အဲဒီလူသားဧကရာဇ်က လူတစ်ဝက် ယောင်တစ်ဝက်လား

ရွှမ်းကျီးအနေဖြင့် သူ့ပုခုံးအထက်တွင် မေးခွန်းအမှတ်အသားများ ပြည့်နှက်နေသလိုသာ ခံစားမိနေသည်။ သူ၏ ကန့်သတ်ထားသော သမိုင်းအသိအမြင်သည် ပြာမှုန့်များအဖြစ် ယုတ်လျော့သွားပြီ ဖြစ်သည်။ သူသည် ရှန့်လင်ယွမ်းကို ငေးငိုင်လျက် ကြည့်လိုက်၏။

ရှန့်လင်ယွမ်းမျက်နှာပေါ်ရှိ အပြုံးသည် တက်တူးကဲ့သို့ မရွေ့မပြောင်းရှိနေလေသည်။ စိုထိုင်းထိုင်း အငွေ့များနှင့် ရောနှောနေသည့် အမည်းရောင်မြူခိုးများကမူ သူ့ဘေးပတ်ပတ်လည်တွင် ဝေ့လည်နေကြလျက်။ မျက်လွှာချထားသော ဘေးတိုက်မျက်နှာပုံစံသည် ဆိုးယုတ်သော ဝိဉာဉ်ပုံစံ ထင်ရစေသည်။ သူသည် ဧကရီမိဖုရားဟောင်း၏ ကောက်ကွေ့နေသော ဆံထိုးကို ဖြောင့်ပေးရန် လက်လှမ်းလိုက်ပြီး နားနောက်ရှိ ဆံပင်ဖြူတို့ကို သပ်ပေးလိုက်ရင်း ညှင်သာစွာ ပြောလိုက်သည်။

မယ်တော်ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေရတာလဲ

ထိုစကားကိုကြားလိုက်ရသောအခါ ရွှမ်းကျီးသည် သူ၏ ငေးငိုင်ငိုင်အကြည့်တို့ကို ဧကရီမိဖုရားဟောင်းထံသို့ ရွှေ့လိုက်သည်။ သူသည်လည်းပဲ ထိုအမျိုးသမီးအိုကြီးက ဤအသက်အရွယ်တွင် သားဖြစ်သူနှင့် အာဏာလုပ်ပိုင်ခွင့်ကို ဆုံးရှုံးလိုက်ရသောကြောင့် ဒုက္ခဖိစီးပြီး စိတ်ရှုပ်ထွေးနေသည်ဟု သံသယဝင်မိနေ၏။

ထို့နောက် ချစ်ခြင်းမေတ္တာကို တောင်းဆိုနေသည့် ကလေးငယ်တစ်ယောက်နှယ် ရှန့်လင်ယွမ်းသည် ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး တစ်စုံတစ်ခုကို တီးတိုးပြောဆိုရန် အနားသို့ တိုးသွားလိုက်၏။

သူသည် မည်သည့်အသံမျှ စိမ့်မထွက်စေဘဲ တီးတိုးပြောဆိုလိုက်ခြင်းပင်။ နှုတ်ခမ်းလှုပ်ရှားမှုများကို မြင်နိုင်ရုံမျှသာ ရှိသည်။ ဘေးပတ်ပတ်လည်ရှိ အစောင့်များသည် စကားတစ်လုံးပင် မကြားလိုက်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now