အခန်း ၆၃

815 165 22
                                    

[Unicode]

နတ်ဆရာတို့၏ ယဉ်ကျေးမှုသည် အတွေးအခေါ်သစ်များကို လက်ခံပြီး ထိန်းချုပ်မှုမရှိပေ။

လူငယ်လေးနှင့် အတွေ့အကြုံမရှိသော ဓားဝိဉာဉ်တို့သည် ကြောင်အလျက် ဂူထဲရှိ လူနှစ်ယောက်ကို မတွန့်မဆုတ် စိုက်ကြည့်နေကြသည်။ ထိုစဉ်ဓားဝိဉာဉ်သည် ရှန့်လင်ယွမ်း၏ အသိစိတ်ပင်လယ်ထဲတွင် အော်ဟစ်နေလျက်။

အလိုလေး။ နေ့ခင်းကြောင်တောင်ကြီးမှာ ဖက်ပြီး နမ်းနေကြတယ်။ အရှက်မရှိချက်ပဲ

ရှန့်လင်ယွမ်း : ...

ဓားဝိဉာဉ်၏ မူလအသွင်သည် ယောင်ဖြစ်သည်။ ယောင်တစ်ကောင်၏ သက်တမ်းသည် မယုံကြည်နိုင်လောက်အောင် ရှည်လျားပြီး ၎င်းတို့၏ ဖွံ့ဖြိုးမှုအဆင့်သည် ရှည်ကြာသည်။ ၎င်းတို့သည် ရင့်ကျက်ရန် အလွန်နှေးပြီး ကြီးပြင်းလာခြင်း မရှိပေ။ အခက်အခဲကာလများအတွင်းက ဆင်းရဲသောမိသားစုမှ ကလေးသည် ဆယ့်သုံးနှစ် သို့မဟုတ် တစ်ဆယ့်လေးနှစ်အရွယ်တွင် မိသားစုတစ်စုကို စတင်ပျိုးထောင်နိုင်ပြီ ဖြစ်သည်။ နတ်ဆရာမျိုးနွယ်စု၏ ငနဲဘုရင် အားလော့ကျင်းသည်ပင် သူ့ကိုယ်ပိုင်ရည်ရွယ်ချက်များ စတင်ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်၏။

သို့သော် ဓားဝိဉာဉ်သည် အားလော့ကျင်းနှင့် သက်တူရွယ်တူဖြစ်သော်လည်း ဘာတစ်ခုကိုမျှ နားမလည်သော လူရှုပ်ကလေးသာဖြစ်၏။

ရှန့်လင်ယွမ်းခမျာ ရှက်သွေးဖြန်းလျက် သူ့ကို ဆူလိုက်ရုံသာ တတ်နိုင်သည်။

မင်း ငါ့ကို အနားပေးလို့ မရဘူးလား။ မျက်လုံးတွေမှိတ်ထားလိုက်၊ မကြည့်နဲ့

မင်းမျက်လုံးတွေ မမှိတ်ရင် ငါက ဘယ်လိုလုပ်ပြီး မကြည့်ဘဲနေလို့ရမလဲ

ဓားဝိဉာဉ်သည် အပြစ်ဆိုဖွယ်မရှိသော အကျိုးသင့်အကြောင်းသင့်မှုဖြင့် ပြောလိုက်သည်။

ရှန့်လင်ယွမ်းသည် စိတ်ကအစ ဝိဉာဉ်အဆုံး မောပန်းနွမ်းနယ်နေပြီဖြစ်သည်။ ဓားဝိဉာဉ်များသည် လူကသွန်းလုပ်ထားသော ထုတ်ကုန်များဖြစ်သောကြောင့် အများစုသည် စိတ်အားငယ်ခြင်းမရှိလျှင် အနည်းဆုံးအားဖြင့် နှုတ်နည်းကြသည်ဟု အဆိုရှိသည်။ ဤကဲ့သို့သော ဓားဝိဉာဉ်မျိုးကို ကြုံတွေ့ရန် သူ့အတိတ်ဘဝတွင် မကောင်းမှုများစွာ ကျူးလွန်မိခဲ့ပုံပေါ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now