အခန်း ၁၀၁

466 64 1
                                    

[Unicode]

ရှန့်လင်ယွမ်းသည် မျက်လုံးများကို အသာအယာ ပင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် စာကလေးငှက်တစ်ကောင်သည် မူမမှန်ထိန်းချုပ်ရေးရုံး၏ တောင်အနောက်ဘက်ရှိ သာမညောင်ညအပင်တစ်ပင်၏ ခေါင်းပေါက်အတွင်းမှ ခေါင်းပြူထွက်လာခဲ့သည်။ သစ်ပင်ခြောက်ကြီး
အရိပ်အတွင်း ပုန်းကွယ်နေရင်း ၎င်းသည် ဘေးဘီဝေ့ကြည့်လိုက်ပြီးနောက် အမှောင်ထု၏ နက်ရှိုင်းသောနေရာထဲသို့ ကြည့်လိုက်၏။

စာကလေးငှက်၏ နောက်ကွယ်တွင် ရှန့်လင်ယွမ်းသည် ညလယ်စာစားရန်အတွက် အဘိုးအိုကြီးတစ်ဦးနှယ် ဆိုဖာပေါ်တွင် ထိုင်စောင့်နေလျက်ရှိသည်။ သူသည် တာဝန်အများအပြားကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်သည်။ သူသည် လက်အစီအရင်များကို ပြုလုပ်ရင်း တီဗီမှ မှတ်တမ်းရုပ်ရှင်ကို ကြည့်နေလေ၏။

ချိတ်ပိတ်ထားသော သေတ္တာ #3S*001 ကို သယ်ယူလာသည့် ကုန်တင်ကားသည် လုံးဝကို ကုန်ချထားပြီး ဗလားကျင်းနေပုံပေါ်သည်။ ထို့ကြောင့် ၎င်း၏ ပစ္စည်းများကို သုတေသီများက ရေတွက်ပြီး စစ်ဆေးရန်အတွက် နံဘေးတွင် ဖယ်ထားသည်။ ၎င်းနောက်တွင် စီတန်းနေသော ကုန်တင်ကားသည် သူ့နေရာသူသို့ ရွှေ့လိုက်သည်။ ကုန်တင်ကားမောင်းသူသည် ကင်းစောင့်နေသော ကွင်းဆင်းအလုပ်သမားများကို မျက်လုံးထောင့်စွန်းမှတစ်ဆင့် စစ်ဆေးကြည့်လိုက်သည်။ မူမမှန်စွမ်းအင် စစ်ဆေးရေးပထမစက်ကို ဖြတ်သွားချိန်တွင် ကားအရှိန်ကိုထိန်းလိုက်၏။

ကားမောင်းသူသည် စစ်ဆေးရေးနေရာရှိ ကွင်းဆင်းအလုပ်သမားနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တစ်ခုခုကို အတည်ပြုလိုက်ကြသည်။ ကုန်တင်ကားက ပထမ စောင့်ကြည့်ရေးနေရာကို ဖြည်းဖြည်းချင်း ဖြတ်မောင်းသွားချိန်တွင် စောင့်ကြည့်ရေးစက်သည် လုံးဝဗလာကျင်းနေသော ကုန်ကားထဲတွင် ချိတ်ပိတ်ထားသည့် သေတ္တာတစ်လုံးကို စစ်ဆေးမိလိုက်သည်။ သတိပေးစာသားအကြီးကြီး ချက်ချင်း ပေါ်လာသော်လည်း စက်က အချက်ပေးစက် မမြည်နိုင်ခင်တွင် စစ်ဆေးသူသည် ‘စစ်ဆေးရေးအမှား’ဟူသော ခလုတ်ကို နှိပ်လိုက်ပြီး ကုန်တင်ကားကို ဖြတ်သန်းခွင့်ပေးလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now