အခန်း ၃၂

679 129 5
                                    

[Unicode]

နောက်ဆုံးတွင်တော့ ရွှမ်ကျီတစ်ယောက် အလွန်များပြားသော အလေးချိန်ကြောင့် ဝင်ဆောင့်မိသွားတော့သည်။ သူ၏ မလှုပ်ရှားသော အတောင်ပံများက လူလုပ်သစ်ရွက် အများအပြားကိုပါ တစ်ပါတည်း ဆွဲခေါ်သွားပြီး ခေါ်လာသော လူများသည်လည်း ယခုထက်ပို၍ ကြမ်းတမ်းစရာအကြောင်း မရှိတော့သော နည်းလမ်းဖြင့် ဆင်းသက်လိုက်ရသည်။ ကျောက်တုံးအချို့ကို အက်ကွဲစေလိုက်ရုံသာမက အလျင်အမြန် ကွေးနိုင်ဆန့်နိုင်သော လုပ်ဖော်ကိုင်ဖက် အချို့ပင် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ပြန်ကန်ထွက်သွားကြရ၏။

သူတို့သည် ဧကရာဇ်များ၊ စစ်သူကြီးများ၊ ဝန်ကြီးများ၊ ချီးမြှင့်ခံထားရသည့် ပညာရှင်များ သို့မဟုတ် အချောအလှလေးများ ဖြစ်လင့်ကစား အားလုံးသည် မြေပြင်ပေါ်တွင် လိမ့်နေရ၏။

ငါ့ဖုန်းလေး။ ငါ အသစ်ပြောင်းထားတာ မကြာသေးဘူး။ အခုတော့ ထပ်ကွဲပြန်ပြီ

ကားသော့က ဘယ်ကို ပျံထွက်သွားတာလဲဟေ။ ရှာကြဦး...အဲဒါက အစိုးရပိုင် ကားဟ

ကားသော့ပေါ်ကို သံလုံးကြီး ဘယ်သူထားထားရတာလဲ။ ရူးနေတာလား။ ခင်ဗျားခေါင်းက အသည်းပုံ ပုံစံဖြစ်အောင် အဆောင့်ခံလိုက်ရတာလား...အိုး..ပိ-...ဆံပင်တွေက ဘာလို့ရှုပ်ကုန်ပြန်တာလဲ

ခြောက်သွေ့သော နွယ်ပင်များဖြင့် ပြုလုပ်ထားသည့် ရှန်လင်းယွမ်၏ အဝတ်အစားများကို ဖျင်းချန်းယု၏ ဇစ်များက ဆုတ်ဖြဲပစ်လိုက်သည်။ ကိုယ်လုံးတီးဖြစ်သွားလုနီးပါး။ ကံကောင်းသည်မှာ လော်စွေ့စွေ့သည် နတ်ဆိုးနွယ်ပင်အတန်းလိုက်ကြီးကို ကြီးထွားနေစေသောကြောင့် သူ့ခန္ဓာကိုယ်ကို ဖုံးရန်အတွက် အသုံးပြုလိုက်နိုင်သည်။ ရှန်လင်းယွမ်ဆံပင်များသည် ရွှမ်ကျီ၏ အတောင်ပံများနှင့် ငြိနေပြီး ရှုပ်ထွေးသော တရုတ်ကြိုးထုံးအဖြစ် ဖြစ်နေလေသည်။ ဤလူနှစ်ယောက်တွင် တစ်ယောက်က အတောင်ပံကို မရုတ်သိမ်းနိုင်ဖြစ်နေပြီး ကျန်တစ်ယောက်က ဆံပင်များကို ပြန်ဆွဲလို့မရနိုင် ဖြစ်နေလေ၏။

ပိရှားသည် စိတ်ဆိုးရန် ခွန်အားကျန်ပုံမပေါ်ချေ။ သူ၏ ထူးဆန်းသော အသွင်အပြင်ရှိသော အဝတ်အစားများနှင့်အတူ ပတ်ဝန်းကျင်ကာကွယ်ရေးကိုယ်စားလှယ်နှယ် မြေပြင်ပေါ်သို ထိုင်ချလိုက်ပြီး ရွှမ်ကျီအနေဖြင့် သူ့ဆံပင်များကို ရှင်းပေးရန်အတွက် အသက်မပါစွာဖြင့် စောင့်နေလေသည်။ တောင်ပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသော မစ်သရေးကျည်ဆံများကို ကျောခိုင်းထားလျက်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now