အခန်း ၄၈

652 107 0
                                    

[Unicode]

ရွှမ်းကျီးသည် မိစ္ဆာအကြောင်းနားလည်ရန် ကြိုးစားနေစဉ် ထိုမိစ္ဆာက ရွှမ်းကျီး၏ ဘိုးဘေးဆိုင်ရာ မြှုပ်နှံရာမြေနေရာများကို တူးဖော်ရန် သွားနေမှန်း သတိမထားမိရှာပေ။

ရှန့်လင်ယွမ်းသည် လက်မှတ်မဝယ်ချေ။ ဘူတာရုံသို့ စိမ်ပြေနပြေ လမ်းလျှောက်သွားပြီး လက်မှတ်အေးဂျင့်၏ အကြည့်များအောက်တွင်ပင် ဖြတ်သန်းသွားလိုက်သည်။ လက်မှတ်အေးဂျင့်သည် ထိုနေရာတွင် မည်သူ့ကိုမှ မမြင်သည့်အလား ပြုမူနေပြီး ရှန့်လင်ယွမ်းကို ကျော်ကာ နောက်ခရီးသည်ဆီမှ သက်သေအဖြစ် လက်မှတ်လှမ်းတောင်းနေလေ၏။

တစ်ချိန်တည်းမှာပင် ယုန်အန်းတွင် ရှောင်းကျန်းသည် ဌာနချုပ်အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ DCO ရုံးခွဲများကို ပိတ်ရန် လျှို့ဝှက်အမိန့် ထုတ်ပြန်လိုက်ပြီး ကွင်းဆင်းဝန်ထမ်းအားလုံးအနေဖြင့် ဗိုင်းရပ်စ်က ကူးစက်တတ်ခြင်း ရှိမရှိ မဆုံးဖြတ်နိုင်ခင်အထိ အဆောက်အအုံထဲသို့ ဝင်ခြင်း သို့မဟုတ် ထွက်သွားခြင်းများကို တားမြစ်ထားကြောင်း ကြေညာလိုက်သည်။ 

ထောင်ချောက်မိပြီး သတိလစ်သွားသူများကို သီးသန့်ခွဲထားပြီဖြစ်ပြီး ကွင်းဆက်အတွင်းမှ လွတ်နေသော လူများသည်လည်း ၎င်းတို့အနေဖြင့် ရောဂါကူးစက်ထားပြီလောဟု စိုးရိမ်နေကြသည်။ ထိုစဉ် စူးရှသောအသိရှိသူအချို့သည် အပေါ်ယံမျက်နှာပြင်အောက်တွင် အစပျိုးနေသော အခြားအကြောင်းအရာ တစ်ခုခုရှိနိုင်သည်ဟု စတင်သံသယဝင်နေကြ၏။

ထူးခြားစွမ်းရည်ပိုင်ရှင်များ၏ စုစည်းထားသော စနစ်တစ်ခုလုံးအတွင်းတွင် အလွန်လျင်မြန်သော စုံစမ်းစစ်ဆေးမှုများက သတိပေးခြင်းမရှိဘဲ နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်လာခဲ့တော့သည်။

 ဒုန်ချွမ်းမြို့တော်၏ အပြင်ဖက် (၁၀၀)ကီလိုမီတာတစ်ဝိုက်ရှိ ဆင်ခြေဖုံးဧရိယာတွင် နေမင်းကြီးက မိုးကုတ်စက်ဝိုင်းအတွင်းသို့ သက်ဆင်းသွားသောအခါ ငှားရမ်းထားသော အခန်းအတွင်းမှ လေးလံသော အရာဝတ္ထုတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာခဲ့သည်။ နေရာအကူးအပြောင်း မန္တန်အတွင်းမှ ရုန်းကန်ထွက်လာသူမှာ မစ္စတာနျန်ဖြစ်သည်။ သူသည် မန္တန်ထဲတွင် ရှစ်နာရီထက်မနည်း ပိတ်မိနေခဲ့ခြင်း ဖြစ်၏။ သူ့ရှပ်အင်္ကျီပေါ်ရှိ ရင်ဘတ်နားက အိတ်ကပ်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး သူကိုယ်တိုင်သည်လည်း လုံးဝစိုစွတ်နေကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now