အခန်း ၁၃

1K 192 6
                                    

[Unicode]

မိုးကြိုးမုန်တိုင်း တိုက်ပြီးနောက် ချီယွမ်ချောက်ကြီးကို အိုဇုန်းများ လိုသည်ထက်ပို၍ ဖုံးကွယ်နေသည်။ ဆွေးမြည့်ယဇ်ပူဇော်မှု ပျောက်ကွယ်သွားသောကြောင့် ချီယွမ်ချောက်ကြီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည့် ပုံမှန်မဟုတ်သော သစ်ပင်အနည်းငယ်က သူတို့အဆုံးသတ်ကို သူတို့ကိုယ်တိုင် ရောက်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့၏ အသက်ခွန်အားအကုန်လုံးကို အသုံးပြုလိုက်သည့်နှယ် ၎င်းတို့ရှိနေသည့်နေရာမှာပင် သစ်ရွက်ခြောက်များနှင့် ကိုင်းခြောက်များဖြစ်သွားပြီး ပြန့်ကျဲကာ ပျက်စီးကုန်၏။ DCO အနေဖြင့်လည်း ၎င်းတို့၏ ထွက်သက်ကို မဖမ်းရဲ။ ကွင်းဆင်းဝန်ထမ်းအနည်းငယ်ကသာ ချောက်ကြီးထဲတွင် ဟိုဟိုသည်သည် ကင်းလှည့်လျှက်ရှိသည်---ဤအခြင်းအရာကို ရွှမ်းကျီးတစ်ယောက် လေထဲတွင် လွင့်မြောနေစဉ် မြင်ခဲ့ခြင်းဖြစ်၏။

မိုးကြိုး ၅ ချက် ထစ်ကြိုးမြည်ဟည်းနေစဉ်အတွင်း ရွှမ်းကျီးကို ကာကွယ်ပေးခဲ့သော သူ့နောက်ကျောရှိ ‌အတောင်ပံများသည် ယခုအခါတွင်တော့ အပြည့်အဝ ပြန့်ကားနေပြီဖြစ်သည်။ အတောင်ပံအကျယ်သည် ၇ မီတာမှ ၈ မီတာအထိရှိပြီး ခေါက်သိမ်းထားသောအခါ လူတစ်ယောက်စာမြင့်သည်။ အရွယ်စားကြီးသော်လည်း လေးလံပုံမပေါ်။ အတောင်ပံပေါ်ရှိ ငှက်မွေးတစ်ခုချင်းစီကို မီးဖြင့်ခဲထားပြီး လေဖြင့်နိုးထလာစေသည်။ ချစ်ချစ်တောက် ပူပြင်းသော မီးတောက်များက ရွှမ်းကျီးအနီးနားရှိ လေများကို ပူနေစေ၏။ အလင်းနှင့်အရိပ် တိမ်းစောင်းမှုထဲတွင် အရိပ်အယောင်တစ်ခုက ပေါလောပေါ်နေဟန်ရှိသည်။ တံလျှပ်များအကြား ပေါ်လာတတ်သည့် ညနေခင်းကောင်းကင်၏ ဝင့်ကြွားသော ကြက်သွေးရောင်တိမ်တိုက်များအလား။

ချီယွမ်ကောင်းကင်တွင် မည်သည့်လေယာဉ်ပျံများကိုမှ ဖြတ်သန်းခွင့်မပြု။ DCO ၏ ဂျက်လေယာဉ်ပင် မြောက်ဖက်နှင့် မိုင်ချီအကွာတွင် ရပ်နားရသည်။ ထို့ကြောင့် အခြားလူများ သူ့ကို မြင်သွားမည်ကို စိုးရိမ်စရာမလိုပေ။

ရွှမ်းကျီးက သူ့ကိုယ်သူ ပေါ့ပြက်ပြက်နှင့် မည်သူကမျှ မချုပ်ချယ်နိုင်သော လွတ်လပ်မှုကိုမြတ်နိုးသူ၊ သဘာဝပတ်ဝန်းကျင်၏ ထူးခြားစွမ်းရည်ပိုင်ရှင်ဟု ခေါ်သော်လည်း ထိုအရာအားလုံးသည် မုသားများသာ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now