အခန်း ၁၁

948 203 8
                                    

[Unicode]

ကွင်းဆင်းဝန်ထမ်း ဒုတိယအုပ်စုသည် ရှောင်းကျုန်းဆီမှ ညွှန်ကြားချက်ရပြီးနောက် အခင်းဖြစ်ရာသို့ အလောတကြီး ထွက်လာကြသည်။ သို့သော် သူတို့ မတ်မတ်မရပ်နိုင်ခင်မှာပင် သူတို့ကိုယ်ကျင့်တရားများကို တစ်ခုပြီးတစ်ခု တစ်စစီ ဖဲ့ပစ်သော ပြဇာတ်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

ထိုနေရာရှိ လူအားလုံး တစ်ခဏမျှ လုံးဝတိတ်ဆိတ်သွားပြီး အေးစက်စက်မြူခိုးများကြောင့် ခိုက်ခိုက်တုန်နေကြ၏။

နေရာတိုင်းတွင် လေတိုက်နှုန်းက ပိုအားကောင်းလာပြီး မိုးကြိုးတိမ်တိုက်များက ကောင်းကင်တွင် စုရုံးလာသည်။ လျှပ်စီးများ၏ နိမိတ်မကောင်းသော တောက်ပမှုများက တိမ်မည်းများကြား ကွေ့ကောက်သွားနေ၏။ အဝေးမှ မိုးခြိမ်းသံများကလည်း လျင်မြန်ပြီး လျှို့ဝှက်တတ်သော ကျိန်စာများကဲ့သို့ ရံဖန်ရံခါတွင် မြည်ဟီးနေသည်။

ရှန့်လင်ယွမ်းတစ်ယောက်သာ မထုံတက်သေး မျက်နှာထားဖြင့် မျက်လွှာချထားသည်။ သူ့ပုံစံသည် နာမည်ကျော်ပန်းချီကားထဲမှ ရိုသေလေးစားဖွယ်ရာ နတ်ဘုရားတစ်ပါးပုံစံပေါက်နေပြီး ဤကမ္ဘာတွင် ဖြစ်ပျက်နေသော ထူးဆန်းမှုများနှင့် မူမမှန်မှုများကို အံ့ဩဟန်မပြချေ။

ရွှမ်းကျီးက ဘိချွမ်းရှန်းကို မျက်ခြေမပြတ် စောင့်ကြည့်နေသလို သူ့အနောက်ရှိ ချိန်ကိုက်ဗုံးကဲ့သို့သော ဆံပင်ရှည်နှင့် အန္တရာယ်များသောပစ္စည်းကိုပါ အာရုံစိုက်နေသည်။ လက်စွပ်ပေါက်ကွဲသွားခြင်း၏ နောက်ဆက်တွဲ ဖြစ်ကောင်းဖြစ်နိုင်သည်--- ရှန့်လင်ယွမ်းကို ကြည့်လိုက်သောအခါ သူ့နှလုံးသားကို ဆူးချွန်ဖြင့် ထိုးနေသကဲ့သို့ ခံစားနေရပြီး အသက်ရှူလိုက်တိုင်း မရပ်မနား နာနေ၏။

သူ့အနေဖြင့် DCO ၏ အန္တရာယ်အဆင့်ကို လျော့တွက်မိသည်။ ဖြစ်စဉ်အားလုံးကို ထည့်တွက်ကြည့်လျှင် သူ့အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးအလုပ်ကို လွှဲပြောင်းပေးထားခံရသည်မှာ ၂၄နာရီမျှသာရှိဦးမည်။ အလုပ် ID ကိုပင် လက်ထဲတွင် ပူအောင်မကိုင်ရသေး။ စိတ်ထဲတွင်မူ ဤကိစ္စကို ဆက်မလုပ်ချင်တော့သည်အထိ သည်းခံနိုင်မှု ကုန်ဆုံးသွားပြီဖြစ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now