အခန်း ၉၁

645 132 12
                                    

[Unicode]

"မင်းပြောတာ အရမ်းမှန်တယ်။ ငါကိုယ်တော်က ငှက်မွေးတွေကို ဘယ်လိုသုံးနိုင်ရမှာလဲ"

နောက်ဆုံးတွင် ရှန့်လင်ယွမ်းသည် ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့ပြီး အရိပ်လူသား၏ မြောက်မြားစွာသော ပုံတူများကို ကြည့်လိုက်ကာ အပြုံးကို ထိန်းသိမ်းထားလျက်ရှိ၏။

"မင်းက အဲဒီဟာနဲ့ တန်လို့လား"

"ဒီကျွန်က သနားဖို့ကောင်းတဲ့ အရိပ်ပါ"

ပြဒါးသည် ပွက်ပွက်ဆူနေသည့်နှယ် အမြှုပ်ပလုံစီ ထနေလျက်ရှိသည်။ မကြာခင်မှာပင် မရေတွက်နိုင်သော ပုံရိပ်များက မြေပြင်အထက်မှ 'အငွေ့ထ'လာကြသည်။ နောက်ဆုံးသော ကောင်းကင်ဘုံနား၊ ချင်ဖျင်နယ်၏ ပထမဆုံးအကြီးကဲ၊ သွေးရောအမြီးကိုးချောင်းမြေခွေး.....ထူးဆန်းသော လူခန္ဓာကိုယ်များနှင့် သားရဲတစ်ဝက်သတ္တဝါကြီးများက ပါးစပ်များကိုဟလျက် ငါးညှီနံံပါသောလေများကို မှုတ်ထုတ်လိုက်ကြပြီး လူများ၏ မျက်နှာကို ဖြတ်သန်းသွားစေလိုက်သည်။

"ဟောဒီ အရင်မျိုးဆက်တွေက လူသားဘုရင်ရဲ့ ဘုန်းကျက်သရေရှိလှတဲ့ အမူအရာကို ကြည့်ဖို့အတွက် ပြည့်စုံပါ့မလား"

အရိပ်လူသားသည် သူ့သခင်ထံမှ အရာရာကို အမွေဆက်ခံနိုင်သည်။ သူတို့သည် လုံးဝကို သစ္စာရှိပြီး တာဝန်သိတတ်သော စီဒီခွေစက်နှင့်တူသည်။ သူ့ကိုလွှမ်းမိုးဖူးသူမည်သူမဆို သေဆုံးပြီးနောက်တွင် ၎င်းတို့က သက်ရှိစံနမူနာနှယ် တစ်ခုလုံးကို ထိန်းသိမ်းပေးကြသည်။ သခင်တို့၏ ခွန်အားအားလုံးသည် ခိုးယူခံရပြီး အရိပ်တို့အပေါ်တွင် သယ်ဆောင်ထားကြ၏။

ဤပုဂ္ဂိုလ်ကြီးများ ဝိုင်းပတ်ခံထားရသော ကွင်းဆင်းဝန်ထမ်းများသည် ဓားပြများက ချိုချဉ်ခိုးယူရန် ဝိုင်းထားသည့် ကလေးတစ်အုပ်နှယ် ဖြစ်သွားရသည်။ တိုက်ခိုက်ရန်စွမ်းအား ကွာခြားချက်သည် အလွန်မြင့်နေ၏။ အရိပ်လူသား၏ ပုံတူများအနက် နောက်ဆုံးတစ်ခုသည် နှစ် ၇၀၀ နေထိုင်ခဲ့သည့် သွေးနှောမြွေစိမ်းယောင်မျိုးနွယ် ဟယ့်စွေ့ယွီ- အဘွားယွီပင်။ ဤပုဂ္ဂိုလ်သည် အလွန်အားနည်းလွန်းသည်မှာ အရေအတွက်ပြည့်ရန် ဖြည့်ထားသည့် 'အပို'တစ်ခုနှယ် အဝေးဆုံးသောထောင့်နေရာတွင် မတ်တပ်ရပ်နေလေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now