အခန်း ၁၇(အပိုင်း ၁)

852 146 3
                                    

[Unicode]

"ဒါရိုက်တာ...ဌာနချုပ်က ဆွေးမြည့်ယဇ်ပူဇော်မှုရဲ့ နောက်ဆုံးယဇ်ကောင်ဖြစ်တဲ့ ကျီချင်းချန်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေ ပို့လိုက်တယ်"

ဖျင်ချန်းယုက ရွှမ်ကျီ၏မျက်နှာအမူအရာကို ဂရုတစိုက် လေ့လာလိုက်ပြီး သူ့မျက်နှာက တည်ကြည်လေးနက်သော ထုံထိုင်းမှုများပြည့်နေသည်ဟု တွေးလိုက်သည်။ သူ့လည်ချောင်းကမူ ကံအကြောင်းတရားက တင်းတင်းဆုပ်ကိုင်ထားသည့်နှယ်။

"ဟို...ဒါရိုက်တာ နားထောင်ချင်လားဟင်"

မည်သည့်အချိန်မဆို ကိုယ်ရေးကိုယ်တာပေါက်ကြားနိုင်သည့် အန္တရာယ်တွင် ကျရောက်နေသော ရွှမ်ကျီက တုန်လှုပ်ချောက်ချားစွာ ပြန်ဖြေလိုက်သည်။

"ပြောပါ"

"ကျီချင်းချန်...ဒုန်ချွမ်းမှာ မွေးတယ်။ ရန်ဖြစ်လို့ဆိုပြီး အထက်တန်းကျောင်းကနေ ဆိုင်းငံ့ထားခံရတာ။ အဲနောက်ပိုင်းတော့ သူက ပိရမစ်လျှို့ဝှက်ကြံစည်အဖွဲ့အစည်းအတွက် ခဏလောက် အလုပ်လုပ်ပေးလိုက်သေးတယ်။ အဖွဲ့အစည်းကို ရဲတွေပိတ်လိုက်တဲ့အခါ သူက ကျေးလက်လက်ဆောင်ပစ္စည်းဆိုင်မှာ ကျပန်းရာထူးနဲ့ တစ်နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ ကြည့်ရတာ သူက အလုပ်မှာ စိတ်ကူးစိတ်သန်းကောင်းတယ်ထင်တယ်...ရွှမ်ရွှယ်*မှာ အရသာတွေ့သွားတာ။ အိမ်တွင်းဖြစ်ဆေးဝါးတွေရောင်းတယ်၊ ဗေဒင်ဟောစားတယ်...သူ့ရဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်တဲ့ အတွေ့အကြုံအားလုံးကိုသုံးပြီး အကုန်လုပ်ခဲ့တာ။ ဒီနှစ်နှစ်အတွင်းမှာ အင်တာနက်တိုးတက်လာတာနဲ့အတူ သူက နာမည်ကြီးအောင်လို့ သဘာဝမကျတဲ့ဗီဒီယိုတွေကို အွန်လိုင်းပေါမှာတင်ပြီး သူ့ရဲ့ကလိမ်ကျတဲ့ စီးပွားရေးကို အပြင်မှာလုပ်နေတာ"

အနှီလူသည် "အင်တာနက်ပလပ်စ်**" လော်ဆောမှုရှိသည့် လမ်းဘေးက ကလိမ်ကျသူတစ်ယောက်ပင်။

(*ရွှမ်ရွှယ်---တာအိုနှင့် ကွန်ဖျူးရှပ်၏ လမ်းညွှန်မှုများကို ရောနှောပေါင်းစပ်ထားသည့် ဝေ့နှင့်ကျင်း အတွေးအခေါ်သင်တန်းကျောင်း။

**အင်တာနက်ပလပ်စ်---၂၀၁၅တုန်းက ပေါ်လာတဲ့ စီးပွားရေးစကားလုံးပါ။ အင်တာနက်နဲ့ အခြားသတင်းအချက်အလက်နည်းပညာတွေကို သမားရိုးကျလုပ်ငန်းတွေမှာ အသုံးချခြင်းကို ပြောတာပါ။)

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now