အခန်း ၈၃

1K 161 12
                                    

[Unicode]

ရှန့်လင်ယွမ်းက ရွှမ်းကျီးကို ကြည့်လိုက်သည်။

"ဟို"

ရွှမ်းကျီးတစ်ယောက် တစ်ခဏမျှ ဆွံ့အသွားပြီး ချက်ချင်းဆိုသလိုပင် ဖြစ်သလိုဖန်တီးပြောဆိုတော့သည်။

"သမိုင်းပြတိုက်မှာ ဟို3D မြေပုံနဲ့ ပြန်တည်ဆောက်ပြထားတာမျိုးတွေ ရှိတယ်လေ"

"မင်းက တော်တော်လေးသိတာပဲ"

ကံကောင်းသည်မှာ အရှင်မင်းကြီးသည် ပြန်တည်ဆောက်ပြထားခြင်းဟူသည့် အဓိပ္ပာယ်ကို မသိနေခြင်းပင်။ ဤတစ်ကြိမ်တွင်မူ ရွှမ်းကျီးတစ်ယောက် ရှန့်လင်ယွမ်းကို အရူးလုပ်လိုက်နိုင်ဟန်ရှိသည်။ ရှန့်လင်ယွမ်းသည် ရေကန်ဘေးမှ ဖြတ်သွားပြီးသောအခါ ဥယျာဉ်ထဲမှ ဖြတ်သွားသည်။ သူ့အနေဖြင့် ဤနေရာကို အကြိမ်များစွာ ရောက်ဖူးခဲ့သည့်အလား။ ရှန့်လင်ယွမ်းက နံရံပေါ်မှ မီးအိမ်ကို ယူလိုက်၏။ ထို့နောက် ရွှမ်းကျီးကို ပြောလိုက်သည်။

"ကြည့်ရတာ ဒါက ငါ့ကို ရည်ရွယ်တာထင်တယ်"

ရွှမ်းကျီးတစ်ယောက် ရေရွှဲရွှဲစိုလျက်ရှိသည်။ ထိုစကားလုံးများကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရွှမ်းကျီး၏ မျက်လုံးများတွင် ထူးဆန်းသောမီးရောင်များ လက်ခနဲဖြစ်သွားခဲ့သည်။ ရွှမ်းကျီးက တွေးလိုက်၏။

အဲဒါ သေချာပေါက် မမှန်ဘူး...

ညသန်းခေါင်ချိန်တွင် ဒူလင်းနန်းတော်သည် အသံတိတ်ဆိတ်နေလျက်။ သိုင်းကားများနှင့်မတူဘဲ အပြင်မထွက်ရအမိန့်နှင့်အတူ နန်းတွင်းအစောင့်များက သူတို့နေရာမှ ထွက်ခွာသွားကြသည်။ အစေခံများသည်ပင် ၎င်းတို့ နေရာမှ မရွေ့လျားရဲကြ။ မည်သူကမျှ ခွင့်ပြချက်မပါဘဲ လမ်းမလျှောက်ရဲကြ။ အထီးကျန်မီးအိမ်များကသာ အမှောင်ထုထဲတွင် မှိန်ဖျဖျလင်းနေပြီး ခမ်းနားသော နန်းတော်နံရံများကို အလင်းပေးနေလေ၏။ ဤနေရာကို ကြီးစိုးထားသည့် နေရထိုင်ရခက်စေသော လေထုကြီးသည် သရဲဥယျာဉ်နှင့်ပင် တူနေသေးသည်။ ဝင်လာသူမှန်သမျှကို မွန်းကျပ်စေ၏။

"ဒီမှာ ဘာလို့အရမ်းတိတ်ဆိတ်နေတာလဲ"

"ဒူလင်းနန်းတော်အောက်ခြေမှာ တောင်တန်းနဲ့ပင်လယ် အစောင့်အရှောက် ၈ ပါးအစီအရင်ရှိတယ်။ အဲဒါကြောင့် ညကင်းလှည့်ဖို့မလိုဘူး။ ဒီကို ညသန်းခေါင်ကြီး ရောက်လာချိန်မှာ စိတ်မသက်မသာ ခံစားနေရတာ ပုံမှန်ပဲ

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now