အခန်း ၅၆

683 122 6
                                    

[Unicode]

အဲဒီအချိန်က လူ့အဖွဲ့အစည်းက အဲလိုပဲ။ အရင်တုန်းက မိန်းကလေးတွေက သူတို့ခြေထောက်ကို ကြပ်စည်းရတယ်။ မြေရှင်ပဒေသရာဇ်စနစ်အချိန်ကာလရဲ့ ကြွင်းကျန်နေတဲ့ အမှိုက်သက်သက်ပါပဲ။ မလိုအပ်တဲ့ အရာတွေကို ချန်ထားဖို့ သဘောတူကြရအောင်

ရေအောက်တွင် မြွေအရေခွံသည် လေပူဖောင်းများကို အေးအေးလူလူ မှုတ်ထုတ်လိုက်သည်။ ပီကေကို ပူဖောင်းဖြစ်အောင် မှုတ်ထုတ်လိုက်သည့်အလား။ ၎င်းတို့က တစ်လွှာပြီးတစ်လွှာ သူ့ဦးခေါင်းကို မြဲမြဲမြံမြံ လွှမ်းခြုံသွားကြ၏။

ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒီလူက ပထမတန်းစား စံပြမော်ဒယ်လေး ဖြစ်ခဲ့ရင်တောင် လူသားမိစ္ဆာဖြစ်လာတယ် ဆိုတာက သူ့ဆီမှာ လှပတဲ့ အသွင်အပြင် မကျန်တော့ဘူးလို့ ဆိုလိုတာလေ။ သူ့ဆီသွားပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအကြောင်း ဒါမှမဟုတ် တခြားအကြောင်းအရာတစ်ခုခု သွားပြောဖို့ ကြိုးစားမလို့လား။ ငါတို့ လုပ်ရမှာက ချီယွမ်အတွက်ပဲ။ သွားစို့၊ လမ်းမှာတင်ကို အချိန်တော်တော် ကုန်သွားပြီ

ယန့်ချိုးရှန်းသည် ဘာမျှထပ်မပြောတော့။ ပိန်းပိတ်အောင် မည်းမှောင်နေသော အဆိုပါ ရေများထဲတွင် ရေခဲတမျှ အေးစက်သော ထိုသလင်းကျောက်နံရံများထက်ပင် အေးစက်နေသော သူ့မျက်နှာအမူအရာကို မည်သူကမျှ ပီပီသသ မမြင်နိုင်ပေ။

ကလေးအလောင်းမည်မျှက ဤနေရာတွင် မြှုပ်နှံခံထားရကြောင်း မည်သူသိပါမည်နည်း။ ၎င်းတို့သည် မြင်ကွင်းတစ်လျှောက် အဆုံးသတ်ခြင်းမရှိ မီတာရာချီ ရှည်လျားအောင် အတန်းလိုက် စီထားခြင်း ခံထားရသည်။ သင်္ချိုင်း၏ စင်္ကြံလမ်းသည် ပိုမိုကျဉ်းမြောင်းလာခဲ့ပြီး တဖြည်းဖြည်း ၎င်းတို့၏ အဖွဲ့သည် ရေပြင်ညီအတိုင်း စီတန်းရန် ဖိအားပေးခံလာရသည်။ မည်သူကမျှ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို မကြည့်ရဲကြဘဲ သူတို့ရှေ့ရှိ လူ၏ နောက်ကျောကိုသာ စိုက်ကြည့်နိုင်ကြသည်။ လမ်းကို ဦးဆောင်ခေါ်သွားသော ရုပ်သေးရုပ် မိန်းကလေးသည် သူစိုက်ကြည့်စရာ နောက်ကျောပြင် မရှိပေ။ သူသည် ရုပ်သေးရုပ်သာ ဖြစ်သော်လည်း မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့နေလျက်ရှိပြီး ဆွေးနွေးစရာလိုသည့် အကြောင်းအရာ မရှိစေကာမူ စကားဖောင်မဖွဲ့ဘဲ မနေနိုင်ပါတော့ချေ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now