အခန်း ၅၇

574 119 4
                                    

[Unicode]

မီတာအနည်းငယ်သာ ကွာဝေးသော်လည်း ဝမ်ဇယ်တစ်ယောက် ရေကူးသွားပြီး ယန့်ချိုးရှန်းကို မစစ်ဆေးရဲသည့် အခိုက်အတံ့ ရှိနေခဲ့သည်။ ကုယွဲ့ရှီးက သူ့ကို ဘေးသို့တွန်းဖယ်လိုက်ပြီး အထိတ်တလန့်ဖြင့် အရှေ့သို့တိုးသွားခဲ့သည်။ ဝမ်ဇယ်သည် အေးစက်သော နံနက်စောစော ပင်လယ်ရေထဲတွင် မလှုပ်မယှက်ရှိနေလျက်။ သူ့အနေဖြင့် ယန့်ချိုးရှန်း သေသွားမည်ကို ရုတ်တရက် ကြောက်ရွံ့မိနေသော်လည်း အသက်ရှင်နေမည်ကိုလည်းအနည်းငယ် ကြောက်ရွံ့နေ၏။

သူ့စိတ်အစဉ်သည် အဆုံးတွင် သူ့ကို ယန့်ချိုးရှန်းပေးခဲ့သည့် အပြုံးဆီသို့ ပြန်လည်ရောက်ရှိလို့နေသည်။ သူတို့နှစ်ဦးသာ နေရာလဲသွားပြီး သူသည် ကပ္ပတိန်ယန့် ဖြစ်ခဲ့ပါလျှင် သူ့ကို ဝင်စွက်ဖက်ပြီး ဆွဲထုတ်လာရဲသည့် မည်သူ့ကိုမဆို အားရပါးရ ပါးရိုက်မိလောက်မည်ဟု တွေးမိ၏။

ဤအချိန်တွင် ကုယွဲ့ရှီးသည် တုန်ယင်နေသော လက်ချောင်းများဖြင့် သူ့ကို ဝိုင်းပတ်ထားသော လေပူဖောင်းကို ဆုတ်ဖြဲပြီးပြီဖြစ်ပြီး သူ့မျက်လုံးအောက်ရှိ သွေးများကို အားဖြင့် သုတ်လိုက်သည်။ ယန့်ချိုးရှန်းကို ငေးကြည့်မိနေစဉ်တွင် သူ၏ မျက်ခမ်းစပ်များသည် နီမြန်းလာခဲ့သည်။ ထို့နောက် တဒင်္ဂကြာပြီးနောက်တွင် မော်တော်ဘုတ်ဆီသို့ ကူးသွားရင်း ယန့်ချိုးရှန်းကို ရေထဲတွင် ထိန်းထားပေးခဲ့သည့် လေပူဖောင်းကို စတင်ဆွဲလာလိုက်တော့၏။

ကုယွဲ့ရှီးပြောသံကို ဝမ်ဇယ်ကြားလိုက်ရသည်။

သုံးနေရာ အရိုးကျိုးသွားပြီး အတွင်းပိုင်း သွေးယိုနေတယ်။ အခုချက်ချင်း သူ့ကို ဆေးရုံပို့ဖို့လိုတယ်။ ဒါရိုက်တာဝမ် ဘာကိုစောင့်နေသေးတာလဲ

အသက်ရှင်နေသေးတယ်

ဝမ်ဇယ်သည် နောက်အခိုက်အတံ့တစ်ခုကြာအောင် ကြောင်အလို့နေသည်။ ထို့နောက် အိပ်မက်မှ နိုးထလာသည့်အလား ရေအမျိုးအစားတစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့် ဂုဏ်သိက္ခာအားလုံးကို ပစ်ပယ်ပြီး ပြစ်မျိုးမှဲ့မထင်သော ခွေးကူးကူးနည်းဖြင့် ကူးသွားလိုက်ကာ အလွှာနှစ်လွှာရှိသော လေပူဖောင်းအပိုင်းအစကို ဆွဲတင်လိုက်သည်။ ယန့်ချိုးရှန်းကို လှေပေါ်သို့ အတင်းဆွဲခေါ်လိုက်ရင်း အော်ပြောလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now