အခန်း ၉၄

809 145 39
                                    

[Unicode]

အမိုးပွင့်သင်္ချိုင်းထဲတွင် ကျောက်စွန်းများရှိနေပြီး ညလေပြည် တိုက်ခတ်သွားချိန်တွင် ၎င်းသည် တဟူးဟူးတိုက်ခတ်သွားခဲ့သည်။ သရဲခြောက်လှန့်နေသည့်အလား။ သူတို့အနေဖြင့် လွင်တီးခေါင်းပြင်ဖြစ်နေသော သဲကန္တာရထဲတွင် စခန်းချခဲ့သည့် နေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားသလိုပင်။ ထို့နောက်မှသာ သူတို့ ဘေးပတ်ပတ်လည်တွင် အေးစက်စက်သံအနံ့များနှင့် တိရစ္ဆာန်မစင်အနံ့များ ပြည့်နှက်နေလေသည်။ ရိက္ခာများက ကုန်သွားတတ်ပြီး စစ်တပ်တဲအိမ်များက အဘက်ဘက်မှ တိုက်ခတ်နေသည့် လေများအကြားသာ ရှိနေတတ်သည်။ ယခုလက်ရှိတဲများ၏ ခံ့ညားမှုနှင့် အကွာကြီးကွာပေသည်။ ညသန်းခေါင်ချိန်တွင် မည်သူကမျှ မျက်လုံးတင်းတင်းမှိတ်ပြီး မအိပ်ရဲခဲ့ကြ။

သူတို့နှစ်ဦးလုံး အချိန်တစ်ခုကြာသည်အထိ စကားမပြောခဲ့။ ရှန့်လင်ယွမ်းသည် ရွှမ်းကျီးက တိတ်ဆိတ်မှုကို စတင်ဖြိုခွဲရန် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ပုံမှန်ဆိုလျှင် ပါးစပ်မပိတ်နိုင်ဘဲ လေပန်းသူသည် ယခုအခါတွင် စကားတစ်ခွန်းမျှပြော။ ဒူးတုပ်နေလျက်သာရှိပြီး အုပ်ချုပ်သူထံမှ အမိန့်စောင့်ဆိုင်းနေသည့်အလား။ ထိုပုံစံသည် ဓားဝိဉာဉ်၏ ပုံစံမျိုး မဟုတ်ပေ။ ဓားဝိဉာဉ်သည် သူနှင့်ဆိုလျှင် အမြဲတစေ မရိုမသေလုပ်သူပင်။ ပုံမှန်ဆိုလျှင် သူသည် စပြီးငြင်းခုန်နေလောက်ပြီး ရုတ်ရုတ်ရုတ်ရုတ်ဖြစ်အောင် လုပ်နေလောက်ပြီဖြစ်သည်။ သူ့ကို ဘယ်တုန်းကမျှ အပြင်လူတစ်ယောက်အဖြစ် သဘောမထားခဲ့။

ဤပုံစံသည် ဓားကျိုးသွားပြီး နှစ်အများကြီးကြာပြီးနောက်တွင် ရှန့်လင်ယွမ်း၏ မှူးမတ်များ ပြုမူနေကျ ပုံစံမျိုးဖြစ်၏။

ရှန့်လင်ယွမ်း သိသည်။ ရွှမ်းကျီးသည် သူ၏ စတင်ချဉ်းကပ်မှုကို စောင့်ဆိုင်းနေခြင်းပင်။

သူတို့နှစ်ဦးဇာတ်လမ်းကို လူသားကမ္ဘာအပေါ် အခြေခံလိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်သည် တကယ်တမ်းတွင် ဘဝ၏ အချိန်အများစုတွင် မတွေ့ခဲ့ကြရသည့် ငယ်သူငယ်ချင်းက စားဖော်များကဲ့သို့ ဖြစ်သည်။ လွန်လေပြီးခဲ့သော ဘဝတစ်ခုစာအချိန် သူတို့၏ ငယ်ရွယ်စဉ်အချိန်ကတည်းက ရုတ်ချည်း ကွဲကွာခဲ့ကြရပြီး မိသားစုနှင့် တိုင်းပြည်၏ ကိစ္စရပ်များတွင် နှစ်ပေါင်းများစွာ ရောထွေးခဲ့ကြရသည်။ လူသားတို့၏ ချစ်ခြင်းမေတ္တာသည် သံမဏိကဲ့သို့ပင်။ ခိုင်မာသည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် ထိုကဲ့သို့ ကျိုးသွားနိုင်သည်။ ဘေးဖယ်ထားလျှင် အစွန်းနှစ်ဖက်လုံးသည် သံချေးတက်သွားမည်ဖြစ်ပြီး အချိန်ကြာသွားသည်နှင့်အမျှ ၎င်းကို ပြန်လည်ရယူရန် မလွယ်ကူတော့ပေ။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now