အခန်း ၂၉

595 129 9
                                    

[Unicode]

နတ်ဆရာများ၏ သောင်းချီသော မီးကျွမ်းအလောင်းကောင်များသည် အားလော့ကျင်းကို ဝန်းရံထားသည်။ ရေရွတ်သံများ ရပ်သွားပြီး သူတို့အားလုံး ဂူအပေါက်ဝသို့ တစ်ပြိုင်တည်း လှည့်ကြည့်လာကြပြီး ရှန်လင်းယွမ်ကို အသံတိတ် မျက်နှာချင်းဆိုင်လိုက်ကြသည်။ စွပ်စွဲရိပ်များ လွှမ်းနေလျက်။ မှတ်ဉာဏ်၏ အတွင်းဘက်နှင့် အပြင်ဘက်ရှိ အရာအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ တွင် တည်ရှိခဲ့ခြင်းဖြစ်သည်။

အချိန်က ရပ်တံ့သွားသည်ဟု ထင်ရ၏။

တိတ််ဆိတ်မှုထဲတွင် အားလော့ကျင်းသည် သူ့ဉီးခေါင်းကို လက်များဖြင့်ကိုင်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူက ညှင်သာစွာ မေးလိုက်သည်။

ကိုကိုလင်းယွမ်၊ ကျွန်တော့်အဖေက ဘယ်လိုသေခဲ့တာလဲဟင်

မျက်နှာဖုံးတပ်ထားသော တန်းလီက အသံထွက်လာခဲ့သည်။

ပိရှား...ရှေ့ဆက်မတိုးပါနဲ့

သူလား

အားလော့ကျင်းက တန်းလီကို လက်တစ်ချောင်းဖြင့် ညွှန်ပြလိုက်ပြီး သူ့ခေါင်းတွင်ရှိသော မျက်စံများသည်လည်း လည်ထွက်သွားသည်။ တစ်ချိန်ထဲမှာပင် မီးကျွမ်းနေသော နတ်ဆရာများသည် သူလက်ညှိုးညွှန်ရာသို့ ခေါင်းများလှည့်သွားခဲ့ကြသည်။

ဒါမှမဟုတ် ကိုကိုလား

အားလော့ကျင်း၏ ဦးခေါင်းက အပြုံးနှင့်ဆင်တူသည့် မျက်နှာအမူအရာကို ထုတ်ဖော်ပြလိုက်သောအခါ ပို၍ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းလှသည်။ သို့သော် နတ်ဆရာများသည် အမူအရာတစ်ပုံစံတည်း ထုတ်မပြခဲ့ပေ။

တစ်ချိန်က ချစ်ချစ်တောက်ပူသော နေမင်းကြီးကဲ့သို့ တောက်ပခဲ့သည့် လူငယ်လေးသည် သူ့လက်လှုပ်ရာအတိုင်း ကခုန်နေသော ပိုးကောင်များစွာ မိနေသည့် ပိုက်ကွန်ကြီး၏ထိပ်တွင် ထိုင်နေသည့် ပင့်ကူတစ်ကောင် ဖြစ်လာခဲ့သည်။

တန်းလီက အော်ဟစ်လိုက်သည်။

ပိရှား...အားလော့ကျင်းက မိစ္ဆာတွေရဲ့ လမ်းစဉ်ကို ကျရောက်သွားပါပြီ။ ဒီဂူထဲမှာရှိတဲ့ အလောင်းတိုင်းကလည်း လူမျက်နှာလိပ်ပြာကူးစက်ထားတဲ့ သူ့ရဲ့ ရုပ်သေးတွေပါပဲ။ ဒီနေရာမှာ သက်ရှိဝိဉာဉ်ဆိုတာ မရှိတော့ဘူး

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now