အခန်း ၈၄

1K 157 11
                                    

[Unicode]

ရွှမ်းကျီးသည် ပင့်သက်ရှိုက်နေပြီး သူ့ရင်ဘတ်ကို လက်များဖြင့် ဖိထားကြောင်း ရှန့်လင်ယွမ်း သတိထားမိလိုက်သည်။ ကိုယ်တစ်ဝက် အကြောသေနေသည့်အလား ရင်ဘတ်ကို အသာအယာ ပွတ်သပ်နေလေသည်။ သန့်စင်သောအတွေးများမန္တန်ကို ရေးဆွဲထားသည့် သူ့လက်ဖဝါးသည် မြူခိုးအလွှာထူထူဖြင့် ဖုံးအုပ်နေလျက်ရှိ၏။

စိတ်အာရုံမပျံ့လွင့်ဘဲ မလိုအပ်တဲ့အတွေးတွေကို မင်းစိတ်ထဲကနေ ထုတ်ထားဖို့ ပြောထားတယ်လေ

ရွှမ်းကျီး မတော်တဆ လက်ဖြန့်မိလိုက်သည့် အမူအရာကြောင့် ရှန့်လင်ယွမ်းက ဆူလိုက်သည်။

သန့်စင်သောအတွေးများမန္တန်က လူတစ်ယောက်ကို နှိုးနိုင်ပေမဲ့ စိတ်အတွင်းပိုင်းမိစ္ဆာကို အနိုင်မယူနိုင်ဘူး။ ပုံရိပ်ယောင်လောကထဲက ခြေလှမ်းတိုင်းက အန္တရာယ်တွေနဲ့ ဝရုန်းသုန်းကားဖြစ်နေတာ။ ဒီနေရာမှာ မင်းကိုတိုက်ရိုက် ဆက်နွှယ်စေနိုင်တဲ့ အရာမျိုး မမြင်ရရင်တောင်မှ ပေါ့ပြက်ပြက်နေလို့မရဘူး

ရွှမ်းကျီးတစ်ယောက် အေးစက်ပြီး ထုံကျင်လုနီးပါးဖြစ်နေသော သူ့လက်ဖဝါးကို ဆုပ်လိုက်ရင်း ခိုက်ခိုက်တုန်သွားရသည်။ သူ့လက်ကို အသာလေး ပုတ်လိုက်ရုံဖြင့် ပြတ်သွားလောက်သည်ဟုပင် သံသယဝင်မိသွားသည်။ ရွှမ်းကျီးတစ်ယောက် တစ်မိနစ်ခန့် အသံတိတ်သွားသည်။

ရှန့်လင်ယွမ်းသည် သူ့ကို နောက်တစ်ကြိမ်ကြည့်လာခဲ့ပြီး ရုတ်တရက် သံသယဝင်လာခဲ့သည်။ ဤကောင်းကင်ဘုံမိစ္ဆာ ပုံရိပ်ယောင်လောကသည် လူနှစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။ ဤနေရာတွင် အဘယ်ကြောင့် မလိုလားအပ်သူတစ်ယောက်ရှိနေပုံပေါ်နေရသနည်း။ ပုံရိပ်ယောင်လောကအတွင်းက မှတ်ဉာဏ်အားလုံးသည် သူ့ကို ရည်ညွှန်းသည်လော။

ငါအမှတ်မမှားဘူးဆိုရင် မင်းက ချီယွမ်မှာ မွေးပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ လူ့လောကထဲ ဝင်လာတာမလား

ရွှမ်းကျီး၏ အေးခဲနေသော သွားများက နှစ်နိုင်ငံစစ်ဖြစ်နေသည့်နှယ် အပြင်းအထန် ကြိတ်ဝါးနေကြသည်။ သူ့အနေဖြင့် တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ပြလိုက်ရ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now