အခန်း ၃၅

659 130 5
                                    

[Unicode]

Note // ဒီအခန်းကစပြီး ရွှမ်ကျီ ကို ရွှမ်းကျီး၊ ရှန်လင်းယွမ်ကို ရှန့်လင်ယွမ်း အဖြစ် ရေးသွားပါမယ်။ အရှေ့ပိုင်းအခန်းတွေကတော့ Eliz အချိန်ရမှပဲ ပြန်ပြင်ပါတော့မယ်။ //

ဘဝအခြေအနေ အတက်အကျ ဖြစ်နေသည်မှာ ဆယ်စုနှစ်ချီခဲ့သည်။ သာမန်လူတစ်ယောက်ကဲ့သို့ အလုပ်အလွန်ကြိုးစားခဲ့ပြီး လကုန်ရက်ရောက်တိုင်း သနားစရာကောင်းလောက်အောင် ဗလာကျင်းလာခဲ့သည့် ဘဏ်အကောင့်၊ ညဉ့်နက်ပိုင်း အရက်ဝိုင်းကို အဖော်ပြုပေးခဲ့သည့် FIFA ဘောလုံးပွဲများနှင့် ကျောက်ပုစွန်ကင်၊ ကောလိပ်ကျောင်း အများအပြားရှိသော မြို့ထဲမှ အငွေ့တထောင်းထောင်းထနေပြီး တံစို့ထိုးထားသော အသားပူပူနှင့် မာလာဟော့ပေါ့...သူသည် ဤကမ္ဘာပေါ်တွင် တစ်ယောက်တည်းသော ခရီးသွားဧည့်သည်အလား ဘဝကို အမျိုးမျိုးအဖုံဖုံ နေထိုင်ခဲ့သည်။ ထိုမတိုင်ခင်က မတော်တဆရေးခဲ့မိသည့် ရိုးရာစကားလုံးများကို ဂရုတစိုက် ပြုပြင်နေခဲ့ရသည်မျိုးလည်း ရှိခဲ့သည်။ သူ၏ 'မိသားစု'နှင့် သဟဇာတဖြစ်ရန် ဂရုတစိုက် နေခဲ့ရပြီး အခြားလူငယ်များ၏ ဟန်အမူအရာများနှင့် အပြုအမူများကို တိတ်တဆိတ် လေ့လာပြီး အတုခိုးခဲ့ရသည်မျိုးလည်း ရှိခဲ့သည်။ ထိုလူငယ်များ ကစားသည့်ဂိမ်းများကို အတုခိုးခဲ့ရသည်။ ခေတ်ရေစီးကြောင်း၏ ရေပန်းစားမှုများနောက်သို့ လိုက်ခဲ့ရသည်။ ရယ်ရယ်မောမော နေခဲ့ရပြီး နောက်ဆုံးပေါ် ဗန်းစကားများနှင့် အရပ်သုံးစကားများကို လေ့လာခဲ့ရသည်။ ထိုမတိုင်ခင်က ချီယွမ်ချောက်နက်ကြီး၏ ယဇ်ပလ္လင်တွင် သူသည် မွေးဖွားခံခဲ့ရပြီး မရေရာသော တွေဝေမှုတို့ကြားတွင် ပြုစုပျိုးထောင်ခံခဲ့ရ၏။

ရုတ်တရက် ရှန့်လင်ယွမ်းတစ်ယောက် တစ်စုံတစ်ခုကို အစပြုလျက် သဘောပေါက်သွားသည်။ ထို့နောက် ရွှမ်းကျီး၏ အသိစိတ်ထံမှ ကျုချွဲ့ငှက်၏ အသွင်စစ်မီးတောက်ကဲ့သို့ ပြင်းထန်သော အဖြူရောင်အလင်းတန်းတစ်ခုက မြူများကြားမှ ထွက်ပေါ်လာပြီး ရှန့်လင်ယွမ်းကို အလျင်စလို တွန်းထုတ်နေလေသည်။ ရွှမ်းကျီးသည် စိတ်ပိုင်းဆိုင်ရာ ချုပ်ထိန်းခံရမှုမှ အလျင်အမြန် ရုန်းထွက်လိုက်ပြီး မီးတောက်နေသော ချိန်းကြိုးရှည်ကြီးတစ်ခုက သူ့လက်ဖဝါးမှ ထွက်ပေါ်လာကာ ရှန့်လင်ယွမ်းကို ရိုက်ချလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now