အခန်း ၆

1.2K 207 13
                                    

[Unicode]

ညနေ ၇ နာရီ ဖြစ်သည်။ သန်းခေါင်ချိန်ရောက်ရန် ၅ နာရီသာ လိုတော့၏။

အောက်တိုဘာလ၏ ဆောင်းဉီးအလယ်ပိုင်းသည် နေ့တာတိုသောကြောင့် အပြင်ဖက်ရှိ လမ်းမီးများကို ထွန်းထားပြီ ဖြစ်သည်။ လေထုထဲရှိ စိုစွတ်မှုသည်လည်း ပို၍များလာကာ ချီယွမ်ချောက်ကြီးတစ်ခုလုံးကို အဖြူရောင်မြူခိုးထူထူက ဝါးမြိုထား၏။ မြူခိုးများကြားတွင် လူလုပ်မီးအလင်းရောင်တို့သည် ပိုးစုန်းကြူးလေးများကဲ့သို့ ရုန်းကန်နေကြရသည်။

တစ်စုံတစ်ယောက်သာ အာရုံစိုက်ကြည့်ပါက ချီယွမ်နယ်မြေတစ်ခုလုံး အလွန်တိတ်ဆိတ်နေကြောင်း သိနိုင်လိမ့်မည်။ အသံတစ်သံပင် မကြားရပေ။ ကျယ်လောင်စွာ အော်တတ်သော ဆောင်းဉီးအင်းဆက်များပင် မလှုပ်ရှားရဲဘဲ ရွှံ့ထဲတွင် ပုန်းနေကြ၏။

ဒါရိုက်တာရှောင်း၊ အခုလေးတင် ကျွန်တော်တို့ အချက်လက်ရခဲ့တယ်။ ဒါပေမဲ့ အသုံးမဝင်လောက်ဘူး

ဘာလို့လဲ

ဆရာ စီစဉ်ခိုင်းတဲ့ အခြေနေတွေက မတိကျ မရေရာနဲ့လေ။ နှစ်တိုင်း နိုင်ငံအတွင်းမှာ သဘာဝအတိုင်းမဟုတ်တဲ့ သေဆုံးမှုတွေက အများကြီးပဲ၊ အဲဒီထဲက နှစ်သိန်း သုံးသိန်းလောက်က ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေချည်းပဲ။ နှစ်စဉ်နှစ်တိုင်း ယုန်အန်း တစ်မြို့ထဲနဲ့ကို ဘယ်သူဘယ်ဝါမှန်းမသိလို့ အတည်မပြုရသေးတဲ့ အလောင်းတွေကိုက တစ်ထောင်လောက်ရှိတယ်။ အသက်တစ်ထောင်အစီရင်ဆိုတာက တိကျတဲ့ အရေအတွက်တစ်ခုဖြစ်ရင်တောင် နေရာအနှံ့ ပျံ့သွားပြီဆိုတာနဲ့ ကိန်းဂဏန်း အရေတွက်နဲ့ကြည့်ရင် မူမမှန်တာကို ရှာဖို့က မဖြစ်နိုင်ဘူး။ ဒါတောင် ပျောက်နေတဲ့ လူအရေအတွက်စာရင်း မရသေးဘူး။ တကယ်လို့ လူသတ်သမားက ပုန်းလျှိုးကွယ်လျှိုးနဲ့ လူသတ်မှုတွေကို ကျူးလွန်ခဲ့ရင် အလောင်းတစ်ခုကို တစ်လလောက် ဖွက်ထားဖို့က မခက်ဘူး။ ရဲဌာနက အဲဒီအကြောင်းကို မသိသေးဘူးထင်တယ်

အရေးကြီးသည့်အချိန်တွင် အရေးကြီးတာကိုသာ လုပ်ရမည်။ ရွှမ်းကျီးကဲ့သို့ အမြင်စူးရှသည့် လူငယ်တစ်ဦးက ရှေးဟောင်း ဂမ္ဘီရအစီရင်များကို အဘယ်ကြောင့် သိနေကြောင်း မေးခွန်းထုတ်ရန်အတွက် ရှောင်းကျုန်းတွင် အချိန်မရှိ။ ဖုန်းလိုင်းအခြားတစ်ဖက်ရှိ ရွှမ်းကျီးကို မေးလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now