အခန်း ၃၆

584 123 3
                                    

[Unicode]

ထိုအချိန်တွင် နတ်ဆရာသင်္ချိုင်းကို ဘေးပတ်ဝန်းကျင်ရှိ မီးပုံးများဖြင့် ထိန်နေအောင် မီးထွန်းထားလေသည်။ တောင်ကြောတစ်လျှောက်လုံးသည် မစ်သရေးကျည်ဆံများကြောင့် ထက်ပိုင်းပြတ်သွားပြီး အယောင်အဆောင် သစ်ပင်အတုများနှင့် မြက်အတုများသည် ပြာကျလုနီးပါး ဖြစ်သွားရသည်။ ယဇ်ပလ္လင်မှ ပန်းထွက်လာသော ရေကန်ထဲမှ ရေများသည် အနိမ့်ပိုင်းရှိ စိမ့်မြေအတွင်းသို့ စီးဆင်းသွားကြပြီး ဗုံးကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မြေတွင်းများထဲတွင် ပြည့်နှက်သွားကြကာ ယာယီ 'ရေကန်များ' ဖြစ်လာကြ၏။

အထူးတပ်ဖွဲ့များသည် ထူးခြားကြသည်။ ရှောင်းကျန်းသည် "မိုးမုန်တိုင်း" အထူးတပ်ဖွဲ့ထဲမှ ရေအမျိုးအစားအဖွဲ့အဝင် ၆ ယောက်ကို တိုက်ရိုက်စေလွှတ်လိုက်ပြီး သီးခြားရဟတ်ယာဉ် ၃ စီးဖြင့် နတ်ဆရာသင်္ချိုင်းထိပ်တွင် လှည့်ပတ်စေကာ မြေပြင်မှ ရေများကို 'ဆွဲငင်' စေသည်။ ဤရေကန်များသည် ကောင်းကင်ထံသို့ 'ဆွဲယူ' ခံရသော ချည်မျှင်ကြိုးနှင့် တူပေသည်။

မြေပြင်ပေါ်ရှိ ကွင်းဆင်းဝန်ထမ်းများသည် အဖွဲ့ငယ်များအဖြစ် ခွဲထွက်လိုက်ကြပြီး "ရေလိုက်ကာ" နှစ်ဘက်တစ်လျှောက်တွင် လွှမ်းခြုံထားသည့် အလွှာပါးကို စီမံခန့်ခွဲလိုက်ကြ၏။

ရှောင်းကျန်းသည် အနီးနားတစ်ဝိုက်ရှိ ခရိုင်များနှင့် မြို့များဆီမှ ကွင်းဆင်းအလုပ်သမားများကို တတ်နိုင်သမျှ အရေးတကြီး စုဆောင်းလိုက်သည်။ သူတို့ထဲမှ တစ်ဝက်သည် အဘိုးရွဲ့၏ တပည့်များနောက်သို့ လိုက်သွားကြပြီး ကျန်တစ်ဝက်ကမူ ခရိုင်တစ်ခုလုံးကို ပိတ်ချပစ်ရန်အတွက် နတ်ဆရာသင်္ချိုင်းတွင်သာ နေခဲ့ကြသည်။ ဒုန်ချွမ်းတွင် ဒေသခံများနှင့် ခရီးသွားများစွာ ရှိသည်။ ထို့ကြောင့် သူတို့အနေဖြင့် ဧရိယာတစ်ဝိုက်ကို ရှာဖွေပြီး အန္တရာယ်များသော နတ်ဆရာအမွေအနှစ်များကို ဖျက်စီးပစ်ရန်အတွက် အချိန်လုရမည်ဖြစ်သည်။ အနာဂတ်တွင် အခြားဘေးအန္တရာယ်များ ထပ်မဖြစ်စေရန် သေချာအောင်လုပ်ခြင်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူတို့အနေဖြင့် ငလျင်လှုပ်ပြီးနောက်ပိုင်းတွင် နစ်မြုပ်သွားသည့် ကြေးညိုရောင် ခေါင်းတလားကို အလျင်အမြန် ရှာဖွေရမည်ဖြစ်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now