အခန်း ၁၂ (အပိုင်း ၁)

982 186 16
                                    

[Unicode]

ခေါင်းမိုးထိပ်မှ လေပြင်း စတင်တိုက်ခတ်လာသည်။ ယဇ်ပူဇော်မှုစာချုပ်၏ ဖဲကြိုးများက အမည်းရောင်မြူခိုးများ ဝိုင်းရံကာ လေထဲသို့ တက်သွားပြီး ရှန့်လင်ယွမ်းကို လက်ထိပ်များကဲ့သို့ ချုပ်နှောင်လိုက်၏။

ထိုအချိန်တွင် မကောင်းတာဖြစ်ရန် အရှိန်ယူအစပျိုးနေသော မိုးကြိုးတိမ်များသည် ပေါက်ကွဲပွင့်ထွက်ကုန်ပြီး အကြီးကျယ် ဖျက်စီးမည့်ပုံပေါ်သော မိုးကြိုးသွားတစ်ခုက ညကောင်းကင်ကို ဖြိုခွင်းလျက် အတွင်းလူနာအဆောက်ဦးပေါ်တည့်တည့်သို့ ပစ်ချလိုက်သည်။ ထိတ်လန့်ကြောက်ရွံ့နေသော မျက်နှာများကို အလင်းရောင်ထဲတွင် မြင်လိုက်ရကာ သူတို့ပုံစံမှာ မြေအောက်ကမ္ဘာသို့သွားရန် စီတန်းနေသော နံရံဆေးရေးပန်းချီများနှင့် တူနေ၏။

တစ်စက္ကန့်အတွင်းမှာပင် ဘိချွမ်းရှန်းမျက်နှာပေါ်ရှိ အသားများသည် လုံးဝအရည်ပျော်သွားပြီး ရှုံ့တွနေသော အရေပြားလွှာတစ်ခုက ဦးခေါင်းခွံတစ်ဝိုက်တွင် လျော့တိလျော့ရဲ တွဲကျနေသည်။

သူ့ပုံစံမှာ အစာငတ်၍ သေဆုံးသွားသော စိတ်မချမ်းမြေ့ဖွယ်ရာ အလောင်းကောင်နှယ် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထား၏။

ရှန့်လင်ယွမ်းက ပြုံးမနေတော့။ သူ့ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သူမဆံပင်များကို ကြင်နာစွာပွတ်သပ်ရင်း မေးလိုက်သည်။

"မင်း ငါ့ကို ရှင်းစေချင်တဲ့သူက ဘယ်သူလဲ။ တံလျှပ်လိပ်ပြာတွေကို အသုံးပြုပြီး လူအစစ်တွေနေရာမှာ အစားထိုးလိုက်တဲ့သူတွေလား။ သူတို့အားလုံးကို ရှင်းပစ်လိုက်ရင် မင်း ကျေနပ်မှာလား"

ဘိချွမ်းရှန်းနှုတ်ခမ်းများက တုန်ခိုက်နေသော သွားများကိုပင် မဖုံးနိုင်တော့။

ရှန့်လင်ယွမ်းက ထပ်မေးလိုက်သည်။

"သိသိနဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတဲ့သူတွေကိုရော ဘယ်လိုလဲ။ သူတို့ကို သတ်လိုက်ရင်လည်း မင်းကျေနပ်မှာလား"

ဘိချွမ်းရှန်းမျက်လုံးများက သရဲမီးကဲ့သို့ တောက်ပနေပြီး လက်ချောင်းများက အဝတ်အနားကွပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now