အခန်း ၉၅

791 136 17
                                    

[Unicode]

နောက်တစ်နေ့ အရုဏ်တက်ချိန်မတိုင်ခင်တွင် ဌာနချုပ်အကြီးအကဲဟွမ်သည် တပ်ကူများနှင့်အတူ လူကိုယ်တိုင် ရောက်လာခဲ့သည်။

သူ့နောက်တွင် လိုက်လာသူများမှာ မိုးကြိုးသွားသက်တော်စောင့်များ၊ ဆေးတပ်ဖွဲ့များ၊ ရှေးဟောင်းစာ ပြန်လည်မွမ်းမံရေးဌာန၊ အန္တရာယ်များသောပစ္စည်းများ စီမံခန့်ခွဲရေးစင်တာ (HMCC)၊ သုတေသနအဖွဲ့အစည်းနှင့် မှတ်တမ်းရေးရာဌာန အစုံအလင်ဖြစ်သည်။ ချင်ဖျင်မြို့အပြင်ဘက်ရှိ သင်္ချိုင်းမြေသည် ယာယီ လူပြွတ်သိပ်သွားသည်။

အနီးနားရှိ ဒေသခံများသည် ဘာဖြစ်နေမှန်း မသိကြ။ အဝေးတွင် စုနေကြသည့် တပ်စုများကို မြင်လိုက်ရချိန်တွင် သူတို့သည် ဘိုးဘေးသင်္ချိုင်းကို ဖြိုချရန် အင်အားအလုံးအရင်းဖြင့် ရောက်လာကြသည်ဟု ထင်လိုက်ကြသည်။ ဒေသဆိုင်ရာ လူကြီးများပါဝင်သည့် အကအဖွဲ့သည် လျင်မြန်စွာ လူစုလိုက်ကြပြီး ဝမ်းနည်းမှုအထိမ်းအမှတ် ဝတ်စုံများနှင့်အတူ ချိတ်ဆွဲရန် လျှော်ပင်ကြိုးများကို ဆွဲထုတ်လိုက်ကြသည်။ မကောင်းသောခွန်အားများကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းနှင့်အတူ သူတို့၏ နောက်ဆုံးအချိန်အထိ ရုန်းကန်ကြိုးပမ်းရန် အသင့်ဖြစ်နေကြလေ၏။

ရွှမ်းကျီးတစ်ယောက် စိတ်အတွင်းပိုင်းမိစ္ဆာအငွေ့များကြောင့် လူးလိမ့်ခံရပြီးနောက် တစ်ညတာကို မအိပ်ဘဲ ဖြတ်သန်းထားရသောကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေလေပြီ။ ပြန်လည်ပြုပြင်ရေးဌာန၏ ခေါင်းဆောင်အနေဖြင့် သူသည် သတ္တိမွေးထားရပြီး ငိုကြွေးနေကြသော လူတန်းကြီးကို ရင်ဆိုင်ရန် 'ရှေ့တန်း' ပို့ခံလိုက်ရသည်။ သူ့အနေဖြင့် ထိုလူများနှင့်အတူပူးပေါင်းပြီးသာ ငိုကြွေးလိုက်ချင်တော့၏။

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရေးပေါ်ပြန်လည်ပြုပြင်ရေး PR လိုက်နာဖို့ လမ်းကြောင်းကို မဆုံးဖြတ်ရသေးဘူးလေ"

လော်စွေ့စွေ့သည် အလွန်စိုးရိမ်လျက်ရှိပြီး အညောင့်များပင် ပေါက်လာရသည်။

"အစက ကျွန်တော်တို့တွေ ဒီမနက်မှာ မူကြမ်းတစ်ခု စဉ်းစားဖို့ စီစဉ်ထားတာ။ သူတို့တွေ ဘယ်လိုလုပ်ပြီး အစောကြီးနိုးနေကြတာလဲ..."

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now