အခန်း ၇၉

1K 157 7
                                    

[Unicode]

ဝမ်ဇယ်၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ ဤအရုပ်သည် သရဲအိမ်သုံးအရုပ်ပုံ ပေါက်နေသည့် ရုပ်သေးအဖွဲ့နှင့်မတူ။ ၎င်းကိုလည်း သစ်သားမှ ထွင်းထုထားခြင်း ဖြစ်သော်လည်း ၎င်းသည် အမှန်ပင် နူးညံ့သိမ်မွေ့သော လက်ရာပင်။ သူ့အဆစ်များအားလုံးသည် လူသားများ၏ အဆစ်များနှင့် တစ်ပုံစံတည်းဖြစ်သည်။ သူ၏ ဖန်ရောင်တောက်နေသော မျက်ဝန်းများသည် အဆင့်မြင့်ဖန်အမျိုးအစားနှယ် တောက်ပနေပြီး သူ့အသားရေသည် မယုံကြည်နိုင်လောက်အောင် သဘာဝဆန်လွန်းသည်။ သူ့ဆံနွှယ်များသည်ပင် အစစ်နှင့် တူနေ၏။

အရုပ်လေးသည် အပြာရောင်စွက်နေသော ငွေရောချန်ပေါင်းအင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ကျောက်စိမ်းဖြူဆွဲပြားသည် ခါးပတ်ကြိုးမှ တွဲလောင်းကျလျက်ရှိသည်။ သူ့ခန္ဓာကိုယ်၏ အချိုးအစားများက လူအစစ်တို့နှင့်ယှဉ်လျှင် အနည်းငယ် ချဲ့ကားထားပုံပေါ်သော်လည်း အရုပ်မျက်နှာ၏ အင်္ဂါရပ်များသည် မယုံကြည်နိုင်လောက်အောင် တိကျလွန်းသည်။ ပထမအကြည့်တစ်ချက်နှင့်တင် ဤအရုပ်သည် ကျီးချွင်းပုံနှင့်ဆင်တူ ဖန်တီးထားကြောင်း မြင်နိုင်၏။

ဒါကဘယ်လိုသောက်ကျိုးနည်းကြီးလဲ

ရုတ်တရက်ဆိုသလို သစ်သားရုပ်သေးသည် ဆတ်ခနဲလှုပ်သွားပြီး ယန့်ချိုးရှန်း၏ ဖမ်းဆုပ်ထားမှုထဲမှ လွတ်ထွက်သွားလုနီးပါးပင်။ သို့သော် သူ့ခန္ဓာကိုယ်သည် မြွေနှင့်တူသော အမည်းရောင်မြူခိုးများထဲတွင် ချက်ချင်း အဖမ်းခံလိုက်ရ၏။

ထုန်ရှင်းချောင်လား

(T/N : ထုန်ရှင်းချောင်ဆိုတာကလည်း ရုပ်သေးအရုပ်လိုဟာမျိုးပါပဲ)

အရုပ်သည် အမည်းရောင်မြူခိုးများဖြင့် ဖမ်းဆုပ်ခံလိုက်ရသောကြောင့် ရှန့်လင်ယွမ်းရှိရာသို့ အင်တင်တင်ဖြင့် လှည့်သွားရသည်။ အရုပ်က အရှင်မင်းကြီးကို မှတ်မိသွားဟန်တူသည်။ သတိကပ်မှုနှင့် ကြောက်ရွံ့မှုတို့က သစ်သားဖြင့်ထွင်းထုထားသည့် မျက်နှာငယ်လေးအထက်တွင် ချက်ချင်းပေါ်ထွက်လာခဲ့သည်။ အမည်းရောင်မြူခိုးများက အရုပ်ကို ယန့်ချိုးရှန်း၏ လက်ထဲမှ ဆတ်ခနဲယူလိုက်ပြီး လေထဲတွင် တွဲလောင်းဖြစ်စေလိုက်သည်။ ရှန့်လင်ယွမ်းက သူ့ကို အကြာကြီးကြည့်လိုက်ပြီး စစ်မေးလိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now