အခန်း ၈၀

998 147 14
                                    

[Unicode]

ရွှမ်းကျီးက တန်းလီနောက် လိုက်ခဲ့သည့် မုန့်ရှ၏ အရိပ်အကြောင်း ‌ဖော်ပြလိုက်ချိန်တွင် ရှန့်လင်ယွမ်း၏ ဦးခေါင်းသည် ထပ်မံကိုက်ခဲလာပြန်သည်။

တန်းလီသည် နန်းတော်သို့ အသနားခံစာများ အကြိမ်များစွာ ပို့ခဲ့သည်။ ထိုစာလွှာများထဲတွင် ပိုင်ရှင်ကို ဆုံးရှုံးလိုက်ရသည့် အရိပ်များအတွက် အထူးဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ရေးသားထားသည်။ ထို့အပြင် အရိပ်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် အစီအစဉ်များစွာကို တင်ပြခဲ့သူမှာလည်း သူပဲ ဖြစ်သည်။ အချို့လူများသည် အရိပ်လူသားတို့အတွက် နက်ရှိုင်းသော ခံစားချက်များဖြင့် ပြည့်ဝသွားပြီး ရလဒ်အနေဖြင့် အရိပ်များက ပိုင်ရှင်များနှင့်အတူ မြှုပ်နှံခံရသည့်အချက်ကို သည်းမခံနိုင်ကြတော့ပေ။ ပိုင်ရှင်ဖြစ်သူများသည် အရိပ်များကို သူတို့ဖာသာ နေထိုင်စေရန်အတွက် သေတမ်းစာ ချန်သွားကြတော့၏။

သနားစရာကောင်းသော်လည်း အရိပ်များသည် တစ်ခုလပ်များဖြစ်လာရန် မွေးဖွားလာခြင်းမဟုတ်ပေ။ သူတို့သည် သခင်ဖြစ်သူများအပေါ် မီခိုပြီး သူတို့တစ်ဘဝလုံး သခင်ဖြစ်သူများ၏ အလိုဆန္ဒများကို လိုက်နာကြသည်။ ပိုင်ရှင်သေဆုံးပြီးမကြာခင်မှာပင် အရိပ်များသည် ၎င်းတို့၏ အသက်စွမ်းအင်များကို ဆုံးရှုံးကြရသည်။ သူတို့သည် အိုလည်းမအိုမင်းသလို သေလည်းမသေဆုံးပေ။ နောက်ထပ်ဘာဆက်လုပ်ရမည်ကိုမသိ၊ သူတို့အနေဖြင့် မည်သို့သော ပုဂ္ဂိုလ်များဖြစ်လာရမည်ကိုလည်း မသိကြ။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် စကားပြောနိုင်ပြီး ရွေ့လျားနိုင်သည့် သက်ရှိအုတ်ဂူကျောက်တိုင်များအဖြစ် ပြောင်းလဲသွားကြတော့သည်။ သူတို့သည် အခြေအနေအသစ်များနှင့် လိုက်လျောညီထွေစွာ နေနိုင်ရန် ဘယ်တုန်းကမျှ မသင်ယူခဲ့ကြချေ။ စွဲလမ်းမှုများက ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အန္တရာယ်ရှိလာမည်မှာ အသေအချာပင်။

တန်းလီ၏ ကြိုတင်ခန့်မှန်းချက်များက အံ့ဩစရာကောင်းလောက်အောင် တိကျလွန်းသည်။ သူခန့်မှန်းထားသလိုပင် ပိုင်ရှင်ကို ဆုံးရှုံးလိုက်ရသော အရိပ်သည် အဖျက်အဆီးများကိို ဖြစ်ပေါ်စေသည်။ ချီကျန်းလေးနှစ်မြောက်တွင် မြို့တော်၌ အုတ်အော်သောင်းတင်းဖြစ်ရပ် ဖြစ်ခဲ့သည်။ စစ်သူကြီးစွန်း၏ တစ်မိသားစုလုံး အသတ်ခံခဲ့ရသည်။ ဆောင်းဦးလလယ်ပွဲတော်နေ့တွင် လူကြီးလူငယ် အလောင်းတစ်ရာခန့်က ထုပ်တန်းအထက်တွင် ချိတ်ဆွဲခံခဲ့ရသည်။ ထိုအဖြစ်အပျက်သည် အုပ်ချုပ်သူနှင့် ပြည်သူတို့ကို ထိတ်လန့်စေခဲ့ပြီး နန်းတွင်းကို အတော်လေး သတိချပ်စေခဲ့သည်။ ထိုအချိန်က ရှန့်လင်ယွမ်းသည် ချင်ဖျင်နယ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့သည်။ တစ်တပ်လုံးကို ဦးဆောင်ရင်း လဝက်ခန့်ကြာပြီးနောက်တွင် လူသတ်သမားကို ခြေရာခံနိုင်ပြီး ဖမ်းနိုင်ခဲ့သည်။ အဘိုးစွန်းသေဆုံးပြီးနောက်တွင် ကျန်ခဲ့သည့် အရိပ်ဖြစ်နေ၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now