အခန်း ၁၂(အပိုင်း ၂)

1K 194 8
                                    

[Unicode]

"ထိခိုက်ဒဏ်ရာရတာတွေ အသေအပျောက်တွေ ရှိသေးလား"

"ချီယွမ်က အခင်းဖြစ်ရာနေရာမှာရှိတဲ့ ကွင်းဆင်းဝန်ထမ်း ၆ ယောက်ကတော့ ဒဏ်ရာအပြင်းထန်ရထားတယ်။ ကျန်တဲ့သူအားလုံးကတော့ အသေးအဖွဲလောက်ပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းတာတစ်ခုက ဘယ်သူမှ မသေခဲ့ဘူး"

"အဆောက်ဦးပြိုကျတုန်းက အနီးနားမှာ ကလေးတစ်ယောက် ရှိနေခဲ့တယ်။ ဒါပေမဲ့ ငါသူ့ကို အဝေးကိုတွန်းပို့လိုက်တယ်။ သူရော အဆင်ပြေလား"

"အင်း...သူက မင်း သူ့ကိုကယ်ဖို့ မင်းကိုယ်မင်း အနစ်နာခံလိုက်တယ်လို့ ထင်နေတာ။ သူအိပ်ပျော်အောင်လို့ စိတ်ငြိမ်ဆေးတိုက်ထားရတယ်။ သူက ဘေးအခန်းထဲမှာ"

"လခွမ်း..."

ရွှမ်းကျီးက စုပ်သတ်လိုက်သည်။

"သူနိုးလာရင် သူမမြင်အောင် နေမှဖြစ်မယ်။ မဟုတ်ရင် ငါ့လိုချောမောလှပတဲ့လူကို မြင်ပြီးတော့ သူ့ခန္ဓာကိုယ်နဲ့ ပြန်ပြီးပေးဆပ်ဖို့ ကြိုးစားမှာ စိုးရိမ်မိတယ်"

ရှောင်းကျုန်းက မျက်နှာသေနှင့် အသက်မပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ပြုံးလည်းပြုံးမနေ။ ယခုလို လျှပ်တစ်ပြက်ဟာသများကို မျက်ဆံတောင်လှန်မကြည့်။ အိတ်ကပ်ထဲက စီးကရက်ဘူးကိုသာ ထုတ်လိုက်ပြီး ဒေါသထွက်နေဟန်ဖြင့် ပွတ်လိုက်သည်။ ထို့နောက် ဆေးရုံထဲတွင် ဆေးလိပ်သောက်ခွင့်မပြုကြောင်း သတိရသွားကာ သိသိသာသာ တုန်လှုပ်သွားပြီး အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။

ရွှမ်းကျီးက တိတ်တဆိတ် လေ့လာနေလိုက်ပြီး နောက်ပြောင်တာကို ရပ်လိုက်သည်။ လက်ကိုမြှောက်လိုက်ချိန်တွင် အကြွေစေ့တစ်စေ့က သူ့လက်ဖဝါးထဲမှ ပျံထွက်လာပြီး လူနာအခန်းတံခါးပေါ်တွင် ရပ်ဟူသော သင်္ကေတတစ်ခု ဆွဲလိုက်သည်။ ထို့နောက် လက်ကိုဆန့်ကာ အိပ်ရာဘေးရှိ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။

"ဘယ်သူမှ ဝင်မလာဘူး။ ဆေးလိပ်သောက်ချင်ရင်သောက်---လောင်ရှောင်း၊ မင်း အဆင်ပြေရဲ့လား"

ရှောင်းကျုန်းက စီးကရက်ဘူးကို ရွှမ်းကျီးပေါင်ပေါ်သို့ ပစ်ပေးလိုက်သည်။ နှစ်ယောက်လုံးသည် သာမန်ထက် ပို၍အဆင်ခြင်ကင်းမဲ့ကြသည်။ ဆေးရုံခန်းထဲမှာပင် ဆေးလိပ်မီးခိုးများကို စတင်ထုတ်လွှတ်နေတော့၏။ မကြာခင်မှာပင် အခန်းတစ်ခုလုံး သေမျိုးတို့လောက၏ ပူဆွေးဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now