အခန်း ၃၄

696 137 2
                                    

[Unicode]

ဤနေရာကို 'အရက်ဆိုင်*' ဟု ခေါ်သော်လည်း အရက်ရောင်းရန် မဟုတ်ကြောင်းကို ရှန်လင်းယွမ်တစ်ယောက် သဘောပေါက်ရန်အတွက် အချိန်ခဏမျှ ကြာသွားသေးသည်။

(*ကျိုတျန့် (酒店) ဆိုတာက တိုက်ရိုက်ဘာသာပြန်ဆိုရလျှင် အရက်ဆိုင်ပါ။ ဒါပေမဲ့ အဲဒီစကားလုံးကိုယ်တိုင်က "ဟော်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။)

သူတို့ ရောက်သွားချိန်တွင် ညသန်းခေါင်ကိုပင် ကျော်နေပြီ ဖြစ်သော်လည်း ဒုန်ချွမ်းတွင် ညမထွက်ရအမိန့် မရှိပေ။ ဟော်တယ်ဝင်ပေါက်တွင် မိမိလုပ်ငန်းကိုယ်စီအတွက် အလျင်အမြန် လှုပ်ရှားသွားလာနေသော လူများစွာ ရှိနေဆဲဖြစ်၏။

ပထမဆုံးအနေဖြင့် စကားတတွတ်တွတ် ပြောနေကြသော လူကြီးတစ်ဖွဲ့က ရှန်လင်းယွမ်ဘေးမှ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ထဲရှိ လူတိုင်းသည် အသက် ၆၀ ဝန်းကျင်လောက် ဖြစ်သော်လည်း သူတို့အားလုံးသည် လူ့ကျင့်ဝတ်နှင့် အလွန်မကိုက်ညီကြပေ။ လူကြီးများသည် ဘီးလုံးပါသော လက်ဆွဲအိတ်များကို တွန်းနေကြပြီး သက်ကြီးအမျိုးသမီးကမူ အရောင်အသွေးစုံလင်သော ခေါင်းစည်းပဝါများကို ဝတ်ဆင်ထားကြသည်။ တစ်ယောက်နှင့်တစ်ယောက် အလှပြိုင်နေကြသည့်အလား။ အမျိုးသားများနှင့် အမျိုးသမီးများသည် အသွင်အပြင်အားဖြင့် မတူညီကြသော်လည်း အဝေးမှကြည့်လျှင် သူတို့သည် ငှက်အုပ်နှင့်ပင် တူနေသေးသည်။
သက်ကြီးအမျိုးသမီးများထဲမှ တစ်ယောက်သည် လက်ထဲတွင် 'သေတ္တာ' တစ်လုံးကို ကိုင်ဆောင်ထားသည်။ ခဏမျှ လှုပ်ရှားပြီးနောက်တွင် သူ့မျက်လုံးများက လူအုပ်မှ ကွဲထွက်နေသော ရှန်လင်းယွမ်ဆီသို့ ရောက်လာခဲ့သည်။ သူ့မျက်လုံးများသည် ရုတ်တရက် အရောင်တောက်သွားပြီး ရှန်လင်းယွမ်ဆီသို့ ခြေလှမ်းကျဲများဖြင့် တည့်တည့်လျှောက်လာခဲ့၏။

"လူငယ်လေး...ဒီကိုလာပြီး အန်တီကို ဓာတ်ပုံရိုက်ပေးပါ့လားကွယ်..."

ယခုလေးတင်မှ ရွှမ်ကျီသည် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီမှ အခန်းကတ်များကို ရလာခဲ့ပြီး အန်တီ၏ မိုးကြိုးသွားကဲ့သို့သော အသံကို ကြားလိုက်ရသောအခါ သူ့ဘောင်းဘီထဲသို့ သေးပေါက်ချလုနီးပါး ဖြစ်သွားရသည်။ ထိုအန်တီကြီးက လူသားဘုရင်နှင့် နောက်ထပ်ပိုပြီး အချိန်ဆွဲနေမည်ကို အလျင်အမြန် တားဆီးလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now