အခန်း ၁၀၀

1.2K 124 7
                                    

[Unicode]

ပြန်လည်ပြုပြင်ရေးဌာနသည် ကွင်းဆင်းဝန်ထမ်းယာဉ်တန်း၏နောက်မှ လိုက်ပါလျက် ပဲ့တင်သံစက်ဒါဇင်ချီအတွက် ကိရိယာများ သယ်ဆောင်လာသောကြောင့် အခြားထောက်ပံ့ပို့ဆောင်ရေး ရုံးခွဲများသည် နောက်ဆုံးမှ ဖြည်းဖြည်းချင်း ရောက်လာကြသည်။

ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး ဌာန၏ ဘတ်စ်ကားငယ်က တံခါးများကို ပိတ်တော့မည့်ဆဲဆဲတွင် အဖြူရောင်ဗင်ကားတစ်စီးကား ဘေးနားတွင် ရပ်သွားခဲ့သည်။ ဌာနချုပ်အကြီးကဲဟွမ်သည် ကားပြတင်းမှန်ကို ချလိုက်ပြီး ခေါင်းပြူထွက်လာခဲ့သည်။

ပရော်ဖက်ဆာဝမ်က ဒီကိစ္စအတွက် အရမ်းကိုအသက်ကြီးနေပြီ။ ကျွန်တော့်ကားနဲ့ လိုက်ခိုင်းလိုက်ရင်ရော။ ကားငယ်လေးထဲ ထိုင်ရတာက နည်းနည်းပိုပြီး သက်သောင့်သက်သာ ရှိလောက်တယ်။ ပြီးတော့ ကျုပ်တို့ အဘိုးကြီးတွေလည်း စကားစမြည်ပြောလို့ရတာပေါ့

ပရော်ဖက်ဆာဝမ်သည် သူ့လက်အောက်ကလူများနှင့် အခက်အခဲ မျှဝေသည့် သဘောထားကို စွန့်ပစ်လိုက်တော့သည်။ အသံကြားလိုက်ရသောအခါ သူ၏ ပိန်သွယ်သွယ် လည်ပင်းက အပြင်သို့ ထွက်ကြည့်လိုက်သည်။ ထို့နောက် အထူးပြင်ဆင်ထားသော ဗင်ကားထဲတွင် ထိုင်ရန်အတွက် ထွက်လာခဲ့လိုက်တောသည်။ ကားပေါ်သို့တက်ပြီးနောက်တွင် သူ့ဘက်က ပြတင်းပေါက်များကိုပင် ချလိုက်ပြီး သူ၏ ရှိနေဆဲရှေ့သွားများကို လှစ်ဟပြလိုက်ကာ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဌာနမှ သူ့လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်လိုက်၏။

ရုံးက ပရော်ဖက်ဆာရဲ့ အသက်နဲ့ ကိုက်ညီမယ့်ကားကို ပေးမထားဘူးလား

ဌာနချုပ်အကြီးကဲဟွမ်သည် ပရော်ဖက်ဆာအိုကြီး၏ တုတ်ကောက်ကို ကူညီဖယ်ပေးလိုက်သည်။

ဒီလိုခရီးရှည်ကြီးမှာ ပရော်ဖက်ဆာက ဘယ်လိုလုပ်ပြီး လူငယ်တွေနဲ့ ရောနေရတာလဲ

ပရော်ဖက်ဆာဝမ်သည် နှေးနှေးကွေးကွေး တုံပြန်ရုံသာမက ပြီးခဲ့သော ရက်အနည်းငယ်က ဤကျေးလက်တာဝန်၏ အပူဓာတ်တို့ကြောင့် ဖျားနာမှုကိုပါ ခံစားခဲ့ရသည်။ အကြားအာရုံ အဟန့်အတား ရရှိသွားပုံပင်။ ဗင်ကား၏ အင်ဂျင်သံထဲတွင် အဘိုးကြီးသည် သူ့နားကို ဌာနချုပ်အကြီးကဲဟွမ်ရှိရာသို့ ကပ်လိုက်ပြီး အော်ပရာအသံလေ့ကျင့်ရေးဆင်းနေသည့်နှယ် အော်ပြောလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now