အခန်း ၃၈

604 115 3
                                    

[Unicode]

ဟော်တယ်အနီးတွင် အားလော့ကျင်းပေါ်လာသည့် အခိုက်တံ့၌ ရှန့်လင်ယွမ်းတစ်ယောက် ချက်ချင်း အာရုံခံစားမိသွားသည်။ ထိုအချိန်တွင် သူသည် မြေအောက်ကားပါကင်တွင် ဇဝေဇဝါဖြစ်လျက် လှည့်ပတ်နေသည်။ သူ့အနေဖြင့် အလွန်သိသာမြင်သာမဖြစ်ချင်သော်လည်း အန္တရာယ်ကျရောက်ချိန်တွင် ဤသို့တုံ့ပြန်မှုမျိုးက သင့်တော်ပေသည်။ အကယ်၍ ဆွေးမြည့်ယဇ်ပူဇော်မှုနောက်ကွယ်က လူသာ မီးအစောင့်အရှောက်၏ တကယ့်ကိုယ်ပိုင်လက္ခဏာကို သိသွားခဲ့လျှင် ထိုအရူးကောင် အားလော့ကျင်းသည် ယောင်လေးကို လက်ဗလာဖြင့် စုတ်ဖြဲပစ်လောက်၏။

ရှန့်လင်ယွမ်းသည် ခေါင်းမော့လိုက်ပြီး လက်ကိုယမ်းလိုက်ချိန်တွင် ကားပါကင်၏ အမိုးသည် ချက်ချင်း မြေပေါ်သို့ နိမ့်ဆင်းလာခဲ့ကာ အချက်ပေးစနစ်အားလုံးသည် တစ်ညီတစ်ညာတည်း ကျယ်လောင်စွာ အော်မြည်ကုန်၏။ သူသည် အပေါက်ထဲမှ တွားသွားထွက်လာခဲ့ပြီး ကုန်တိုက်၏ မြေညီထပ်ရှိ ပင်မခန်းမကြီးသို့ ရောက်လာခဲ့သည်။ ပြတင်းပေါက်၏ မှန်ချပ်ကို ပစ်ဆောင့်ပြီး ခွဲလိုက်ကာ ကျိုးနေသော ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်လာခဲ့၏။

ဤနေရာသည် အဆုံးသတ်မဖြစ်လောက်ဟု မည်သူသိပါလိမ့်မည်နည်း။ ရှန့်လင်ယွမ်းအနေဖြင့် ပိတ်လှောင်မိနေရာမှ ထွက်လိုက်ချိန်တွင် အလွန်စူးရှသော အလင်းများက သူသွားမည့်လမ်းတွင် လင်းနေသည်။ ရဲကားများ၏ အချက်ပေးဥဩသံက နှစ်ကြိမ်မျှ မြည်သွားသည်။

"မလှုပ်နဲ့။ လက်မြှောက်ထား"

ပိရှားက မြေအောက်ထပ်၌ ပိတ်မိနေချိန်တွင် ရွှမ်းကျီးနှင့် အဖွဲ့သားများသည် 'လူနေရပ်ကွက်များ ဖြိုချခြင်း' တစ်ချီကို ပြီးမြောက်သွားပြီ ဖြစ်သည်။ နောက်တွင် ဖရိုဖရဲ အခြေအနေများနှင့် ငိုချခါနီးဖြစ်နေသော ပြန်လည်ပြုပြင်ရေးဌာနမှ ဝန်ထမ်းသုံးဦးကို ချန်ထားခဲ့ပြီး အားလော့ကျင်း၏ 'စွန်ကြီး' ထံမှ ထွက်ပြေးရင်း တောင်ဖက်အရပ်သို့ ဦးတည်လိုက်သည်။ ပြန်လည်ပြုပြင်ရေးဌာန၏ ယာယီညွှန်ကြားရေးမှူးသည် ကွင်းဆင်းအလုပ်ကို ကွပ်ကဲရန် ယာယီတာဝန်ပေးအပ်ခံထားရသည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now