အခန်း ၄၄

661 115 3
                                    

[Unicode]

ရွှမ်းကျီးတစ်ယောက် နေရာမှာတင် အကြိမ်တစ်ရာမက ကောက်ကာငင်ကာ လောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး သူ့ဦးနှောက်သည်လည်း နေရာအနှံ့ ပျံ့ကျဲသွားသယောင်။ သူ့အနေဖြင့် ရဲကိုသာ ခေါ်လိုက်ချင်သည်။ နှာဘူးကောင်ဟုလည်း အော်ဟစ်ပစ်လိုက်ချင်သည်။ ရှန့်လင်ယွမ်းကိုလည်း အထက်အောက်ပြောင်းပြန်လှန်ပြီး ကိုင်ဆောင့်ပစ်လိုက်ချင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူက ပို၍ပင် သတိမထားမိနေသောကြောင့် ဖြစ်သည်။

အရာရာကို သိပါတယ်ဆိုတဲ့လူက ဘာဖြစ်သွားတာလဲ...ဓာတ်လှေကားရှေ့မှာ ရပ်နေရုံနဲ့ အဆောက်အအုံတစ်ခုလုံးမှာရှိတဲ့ တီးတိုးပြောသံတွေကို ကြားနိုင်ပါတယ်ဆိုပြီး ကြွားခဲ့တာ မဟုတ်ဘူးလား...

အိပ်ဆေးထုတ်တဲ့သူတွေက ခင်ဗျားကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်ထားရမယ်...ရင်ခွဲရုံက အလောင်းတောင်မှ အရှင်မင်းကြီးလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်‌မှာ မဟုတ်လောက်ဘူး...

ရွှမ်းကျီးစိတ်ထဲတွင် ငလျင်အကြီးကျယ် လှုပ်ခတ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန့်လင်ယွမ်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံပေါ်ပြီး မျက်လုံးများ ပွင့်မလာခင်တွင် မသက်မသာဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်လေသည်။

ရွှမ်းကျီးတစ်ယောက် ကြောင်သွားသည်။ ထို့နောက် ရှန့်လင်ယွမ်း၏ မျက်လုံးများက အနည်းငယ် ပွင့်လာကြောင်း သတိထားမိသွားသည်။ ထိုမျက်ဝန်းများထဲတွင် ပျံ့ကျဲပြီး ပင်ပန်းနွမ်းလျကာ ဇဝေဇဝါဖြစ်နေသော စိုထိုင်းမှုတို့ ရှိနေသည်။ အိပ်မက်ဆိုးများ မက်နေခဲ့ခြင်း ဖြစ်နိုင်သည်။ မျက်လုံးများ ပွင့်‌နေပြီး မျက်ခုံးများက ပိုမိုတွန့်ချိုးလာခဲ့သည်။ အလွန်စိတ်ဒုက္ခရောက်နေသည့်အလား။ သူ၏ မျက်တောင်များအောက်ရှိ အရိပ်သည် မျက်စံများ၏ အနက်ရှိုင်းဆုံးတစ်နေရာသို့ ခေါ်ဆောင်သွားနေသယောင်။ သူ့ကို အလွန်အမင်း အထီးကျန်နေပုံ ပေါက်စေသည်။ မျက်ဝန်းထဲတွင် ပုံရိပ်ထင်ဟပ်နေသည်မှာ ဖယောင်းတိုင်မီးရောင်နှင့် အိပ်ရာအနီးရှိ လိုက်ကာအတွန့်များအပြင် အခြားမည်သူမျှ ရှိမနေပေ။

ရွှမ်းကျီး အံ့အားသင့်သွားရသည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now